Part-22(Uni)

215K 12.1K 9.3K
                                    

Warning:ဒီအပိုင်းကို 18နှစ်မပြည့်ရင် မဖတ်သင့်ပါ။18+ Scenesတွေကို SSရိုက်မတင်ပါနဲ့ရှင်။

Part-22

Ring! Ring!

အိပ်ရာဘေးမှ ဖုန်းRing Toneသံကြားသည်နှင့် အမြဲလိုလိုသတိရှိနေတတ်သည့် Mainမျက်လုံးတွေက ဆတ်ခနဲပွင့်လာ၍ ဖုန်းကိုနားမှာ ကပ်ထားပြီးသား ဖြစ်သွားသည်။

"ပြော...."

"Grace အသတ်ခံလိုက်ရပါတယ် ကိုMain"

Mainမေးရိုးတွေ တင်းသွားပြီး ရင်ခွင်ထဲကတစ်ယောက်ကို ငုံ့ကြည့်မိတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေတုန်းပင်။ဒါဘယ်သူ့လက်ချက်လဲ ဆိုတာကိုပါ အတတ်သိလိုက်၍။ညက Wedding Dinnerရှိသည့်အပြင် အပြင်ပါသွားလိုက်ရ၍ အိမ်ရောက်တော့ ညနှစ်နာရီနီးပါးရှိနေပြီ။ပြန်ရောက်လာတော့လည်း အခြေအနေက ပုံမှန်ပဲမို့ သူ့Omegaနဲ့ တန်းအနားယူလိုက်တာ။

"ကိုMain လာကြည့်ဦးမလား"

"ငါ အခုဆင်းလာခဲ့မယ်"

Main ရင်ခွင်ထဲမှ အိပ်နေသူကို သူ့ခေါင်အုံးပေါ်သို့ အသာမရွှေ့လိုက်တော့ မျက်နှာလေးရှုံ့မဲ့သွားပြီး မျက်လုံးလေးတွေ ပွင့်လာ၏။အိပ်ချင်မူးတူးတော့ ဖြစ်နေသေးပုံရကာ....

"ဘာဖြစ်လို့လဲ"

"ဘာမှ မဖြစ်ဘူး၊အောက်ထပ်ခဏ သွားစရာရှိလို့"

"အောက်ထပ်မှာ ဘာဖြစ်လို့လဲ"

"ကျုပ်အရင် သွားကြည့်လိုက်မယ်၊ဆင်းမလာနဲ့"

Mainအသံမာဆတ်ဆတ်ဖြစ်နေတာကို သတိထားမိပုံရကာ ဘာမှမပြောတော့ဘဲ တစောင်းလေးပြန်အိပ်သွား၏။Mainရေအရင် ချိုးချလိုက်၍ ရှပ်အဖြူနှင့် Style Pantကောက်ဝတ်ပြီး အောက်ထပ်သို့ ဆင်းလာခဲ့လိုက်သည်။Nurse၏ အခန်းရှေ့မှာ သူ့လူတွေ ရုတ်ရုတ်သဲသဲဖြစ်နေကြလျက်။

စိုင်းလုံက ရှေ့ထွက်လာပြီး Mainကို အရင်ဦးညွှတ်နှုတ်ဆက်သည်။Main Nurseအခန်းထဲ ဝင်လာတော့ သူမက ကြမ်းပြင်ပေါ်မှာ ခွေခွေလေး လဲကျသေဆုံးနေတာ ဖြစ်သည်။သူမလည်ပင်းမှာ ဓားကတစ်ဆုံးနစ်ဝင်နေကာ Nurseမျက်လုံးတွေက ကြောက်လန့်တကြား ပြူးကျယ်ဝိုင်းစက်နေ၏။

Main(Enemy Of The Mafia Guy)Where stories live. Discover now