Part-19(Zawgyi)

53.5K 1.4K 105
                                    

Mainက မှန်နံရံဘက်သို့ မျက်နှာမူ၍ ဧည့်ခန်းကို ကျောပေးအနေအထားဖြင့်ရပ်နေသည်။ရှပ်အဖြူလက်ရှည်ကို ဖြစ်သလို ခေါက်တင်ထားသေးကာ ခါးထောက်ရပ်နေသဖြင့် Main၏ စိတ်မရှည်မှုတွေကို အတိုင်းသား မြင်နေရ၏။

"ကောင်လေးက လက်ခံပါ့မလားMain"

ဦးမိုးကြိုးပြောတော့ Mainပြန်လှည့်လာသည်။မျက်နှာက အလိုမကျမှုများနှင့် သုန်မှုန်နေလျက်။

"လက်မခံချင်လို့ မရဘူးဘဘ၊ကျွန်တော်ကရော ဖြစ်ချင်လွန်းလို့လား၊ဒီလိုတွေ ဖြစ်မှာစိုးလို့ ကျွန်တော့်အထပ်ကို တစ်ယောက်မှ တက်မလာခိုင်းတာ၊ဒါပေမဲ့ ဖြစ်သွားပြီ"

Level 0အဆင့် Alphaက တစ်သက်တာအမှတ်အသားကို 'တစ်သက်မှာ တစ်ခါ'ပဲ ပေးလို့ရတာဖြစ်သည်။နောက်တစ်ချက်က သူတို့အမှတ်အသားပေးလိုက်သည့် Omegaကပဲ သူတို့အတွက် မျိုးဆက်ကို မွေးဖွားပေးခွင့်ရခြင်း။ထိုOmegaမှ မွေးဖွားလာသည့် ကလေးကသာ Alpha၏ တရားဝင်မျိုးဆက်အဖြစ် သတ်မှတ်ခံရမှာဖြစ်သည်။ထို့ကြောင့် Mainက သူ့မျိုးဆက်အတွက် ကောင်လေးကို တရားဝင် လက်ထပ်ရလိမ့်မည်။

"ကျွန်တော် 22ပဲရှိသေးတယ် ဘဘ၊လက်ထပ်ဖို့နဲ့ ကျွန်တော့်မျိုးဆက်အတွက်က အဲ့လောက်ထိ အရေးမကြီးသေးဘူး ကျစ်!"

"ဘဘ နားလည်တယ် Main"

"ကျွန်တော် တစ်ယောက်ယောက်ကို အမှတ်အသားပေးလိုက်ဖို့ဆိုတာ စိတ်ကူးထဲ လုံးဝကို ရှိမနေတာ"

"မင်း စောစောကပြောသလိုပဲ ဒါပေမဲ့ ဖြစ်သွားပြီလေ"

"အဲ့အချိန်မှာ ကျွန်တော့်ဦးနှောက်က လုံးဝအလုပ်မလုပ်တော့တာ ဘဘ၊ဖြစ်သင့်တာ မဖြစ်သင့်တာ ဘာကိုမှ မစဉ်းစားနိုင်တော့တာ၊ကျွန်တော့်ဆုံးဖြတ်ချက်မှာ နွေဦးလေပြေရော၊သူ့ကိုရော လုံးဝ ထည့်မစဉ်းစားထားဘူး"

အဲ့ဒါ အမှန်တရားပဲ။သူ့မှာ လုပ်စရာ ရှိတာတွေ အများကြီးရှိနေသေးသည်။ခုချိန်မှာ သူ အိမ်ထောင်ရေးကို လုံးဝ မစဉ်းစားချင်သေးတာ။သူ့အနားမှာ ရှိနေသည့် Omegaနှစ်ယောက်လုံးက သူ့ရန်သူ့သားတွေ။သူတို့နဲ့ ပတ်သတ်နေတယ်ဆိုတာကလည်း သူလုပ်ရမယ့် ရည်ရွယ်ချက်တွေ ရှိနေသေး၍။

Main(Enemy Of The Mafia Guy)Wo Geschichten leben. Entdecke jetzt