Part-5(Uni)

176K 9.9K 2.7K
                                    

မိုးဖွဲဖွဲရွာသွန်းနေသည့် လမ်းမပေါ်၌ Sportကားတစ်စီး အပူတပြင်းမောင်းနှင်နေ၏ထိုကားသည် ခြံကျယ်တစ်ခုထဲသို့ ကွေ့ဝင်လာပြီး အဆောက်အဦးတစ်ခု၏ ပေါ်တီကိုအောက်တွင် ရပ်တန့်သည်။ခြံကျယ်အတွင်း အနောက်တိုင်းဝတ်စုံအပြည့်နှင့် ယောင်္ကျားသားအများအပြားလည်း ရှိနေ၏

ယခုခေတ်Mafiaအများစုသည် ငွေကိုရေလိုသုံးနိုင်သည့်အလျောက် လူနေမှုအဆင့်အတန်းလည်း မြင့်မားလာကြပြီဖြစ်သည်။Sportကားထဲမှ အသက်50ဝန်းကျင်ခန့် အသားဖြူဖြူ၊ပိန်ပိန်ပါးပါးနှင့် လူကြီးတစ်ဦးဆင်းလာ၏ထိုလူက ပတ်ဝန်းကျင်အနေအထားကို တစ်ချက်အကဲခတ်၍ အဆောက်အဦးထဲသို့ ခပ်သုတ်သုတ်ဝင်သည်။

ထိုလူ့မျက်နှာမှာ ပူပင်သောကကိုထိန်းချုပ်မထားနိုင်သလို အပျက်ပျက်အယွင်းယွင်းဖြစ်နေကာ အခန်းတစ်ခုရှေ့အရောက် တံခါးခေါက်၏တံခါးကလည်း ထိုလူရောက်လာဖို့ အလျင်လိုနေသည့်နှယ် ချက်ချင်းပွင့်လာ၏

ဦးမင်းသစ် ဝင်လာသည်နှင့် အသက်55နှစ်ဝန်းကျင်ခန့် လူတစ်ယောက်က သဘောမကျသလို မျက်နှာလွှဲသွား၏ထိုလူ၏အနောက်ဘက်နံရံ၌ ထောင့်လေးထောင့်ပါဝင်သော သံလိုက်ပုံစံ Logoတစ်ခုရှိသည်။တစ်နည်းအားဖြင့် ထိုLogoသည် Magnetဂိုဏ်း၏ အမှတ်တံဆိပ် ဖြစ်၏ ထိုလူက Magnetဂိုဏ်း၏ခေါင်းဆောင် ဦးအောင်ခြိမ့်ဆိုသူ ဖြစ်သည်။

"အခုဖြစ်သွားတဲ့ပြဿနာကို သေချာရှင်းစမ်းပါဦး"

"ကျုပ်လည်း ဘယ်လိုရှင်းပြရမှန်းမသိဘူး၊ကိုအောင်ခြိမ့်"

"ဘာကွ!"

ဦးအောင်ခြိမ့်မျက်နှာကြမ်းကြမ်းက ဒေါသကြောင့် ပိုမိုခက်ထန်နေ၏အခန်းထဲမှာ ဦးမင်းသစ်အပြင် ဦးအောင်ခြိမ့်၏သားအကြီး ဝဠာမိုးခြိမ့်နှင့် ရှေ့နေကြီးလည်း ရှိနေတာဖြစ်သည်။သူတို့မျက်နှာတွေလည်း မကောင်းကြ။ပြဿနာက ပြည်ပကနေ တင်သွင်းလာသည့် သူတို့ဆေးတွေကို ကြားဖြတ်အလုခံလိုက်ရသောကြောင့်။

"မင်းကို လွှဲလိုက်တဲ့ကိစ္စတိုင်း အခုလိုဖြစ်နေတာ၊တစ်ခါ နှစ်ခါဆို ငါမပြောသေးဘူး မင်းသစ်"

"ဟုတ်ပါတယ်၊ကျုပ်လည်းဒီတစ်ခေါက် သေချာလုပ်တာပဲ၊ဒါပေမဲ့......"

Main(Enemy Of The Mafia Guy)Место, где живут истории. Откройте их для себя