Part-44(Zawgyi)

41.5K 1.2K 130
                                    

Warning: 18+အခန်းတွေကို SSရိုက်မတင်ပါရန်။

Part-44

"ဦး! လေပြေ့ကို လာခေါ်‌၊ ပြောစရာရှိတယ်"

"အရေးမကြီးရင်...."

"အရေးကြီးတယ်၊ လေပြေနဲ့တွေ့ဖူးတဲ့ Cafeဆိုင်က စောင့်နေမယ်"

ဦးဆီက ခဏတိတ်ဆိတ်သွားပြီးမှ ဖုန်းကျသွား၏။ ဘယ်လိုပဲဖြစ်ဖြစ် ဦး လာခေါ်မယ်ဆိုတာ သိနေသဖြင့် လေပြေ အတန်းထဲက ထွက်လာလိုက်သည်။ လေပြေ့ကို မေမေက ကားပေးမမောင်းတော့ပါ။ လေပြေဘယ်သွားသွား အစောင့်တွေကို အကြိုအပို့လုပ်ခိုင်း၏။ လက်မခံချင်လို့လည်း မရ။ အပြင်ထွက်ခွင့် ရအောင်ပင် မနည်းပြောထားရတာ ဖြစ်သည်။

လေပြေထိုင်နေကျ Cafeကိုရောက်ပြီး မကြာခင်မှာပဲ ဆိုင်ရှေ့သို့ ကားတစ်စီးထိုးရပ်လာ၏။ လေပြေကားတံခါးဖွင့်ဝင်လိုက်သည်နှင့် ကားက လှစ်ခနဲ ပြေးထွက်သည်။ ဦးက လေပြေ့ကို ခပ်ဆွေးဆွေးကြည့်နေပြီး ဘာမှမပြော။ လေပြေလည်း ဘယ်ကစပြောရမှန်းမသိဘဲ ဒီအတိုင်း ကြည့်နေမိသည်။ အဲ့ဒီနေ့ကတည်းက ဦးနဲ့ ထပ်မတွေ့ရတော့တာ။

လေပြေ ဦးကိုကြည့်နေရင်း ရင်တွေတထိတ်ထိတ်ခုန်လာပြီး မျက်ရည်တွေ ပြည့်ပြည့်သိပ်သိပ် ဖြစ်လာ၏။ ဉီးက လေပြေ့မျက်နှာရိပ်ကို အကဲခတ်မိပုံရကာ ကျလာသည့်မျက်ရည်တွေကို ပွတ်သုတ်၍ သူ့ရင်ခွင်ထဲ ထည့်သည်။ လေပြေ ဦးကို လွမ်းနေတာထက် ပြောပြစရာ ရှိနေတာ။ လေပြေ ဦးကိုမော့ကြည့်၍.....

"ဦး....."

"တစ်ခုခု ဖြစ်နေတာလား"

"အင်း....."

လေပြေငိုတော့ တိုးဖက်ထားပေးသည်။ ကားက ဦးအိမ်ကိုမဟုတ်ဘဲ Luxury ကွန်ဒိုတစ်ခု၏ ပါကင်မှာရပ်သည်နှင့် ဦး ခေါ်လာသည့်အတိုင်းလိုက်လာခဲ့ရ၏။ ဦးပိုင်တဲ့ ကွန်ဒိုတိုက်ခန်းတစ်ခုဖြစ်လိမ့်မည်။ အခန်းထဲရောက်တော့ ဦးက အပေါ်ကုတ်ကိုချွတ်ရင်း....

"အိမ်ကို ခေါ်သွားရင် မင်းအမေ လိုက်လာလိမ့်မယ်"

လေပြေ ဦးအနားကို တိုးကပ်သွားလိုက်ပြီး ဦးမျက်နှာကို သေသေချာချာ ကြည့်နေမိသည်။ ဦးကလည်း All Whiteဝတ်ထာသည့် လေပြေ့ကို သေချာပြန်စိုက်ကြည့်၏။ နှစ်ယောက်သား အတန်ကြာအောင် စိုက်ကြည့်နေမိကြရင်း....

Main(Enemy Of The Mafia Guy)Where stories live. Discover now