UTI __ FINAL __ U & Z

6K 280 44
                                    

         ဖြာကျနေတဲ့ ခပ်နွေးနွေး နေရောင်ခြည်တွေကြောင့် ဝမ်ရိပေါ်ရဲ့စိတ်တွေ လန်းဆန်းနေသည်။ဒီနေ့မှ မိုးကလည်းမရွာသေးသလို နေသာခွင့်လေးပေးထားတာမို့လည်း ထူးထူးဆန်းဆန်းစိတ်ပျော်သလို ဖြစ်နေတာလည်းပါမည်။Meeting ရှိသော်လည်း အချိန်မကျသေးသည်မို့ သူပိုင်တဲ့အထပ်မြင့်ကုမ္ပဏီကြီးထဲမှ ခဏထွက်ကာရှေ့မျက်နှာစာက ရေကူးကန်တွေနဲ့အုန်းပင်တွေကြားထဲ ဟိုလျှောက်ဒီလျှောက်လုပ်နေမိတာ။ကုမ္ပဏီအောက်မှာရှိနေတဲ့ အမျိူးမျိူးသောအရောင်းဆိုင်တွေမှာ လာရောက်ဝယ်ခြမ်းကြသူတွေနဲ့ အမြဲစည်ကားနေတတ်တာကို သူ့အနေနဲ့သိပ်ပြီးမနှစ်သက်တာကြောင့် ရောက်တာနဲ့ရုံးခန်းမှာပဲ အချိန်ကုန်တတ်သည်။လူရှုပ်တာကိုမကြိုက်တာပါ။ဒါပေမဲ့ ဒီနေ့တော့ထိုလူတွေကို လျစ်လျှူရှုထားပြီး လူရှင်းတဲ့ဘက်အခြမ်းမှာ လမ်းလျှောက်နေခဲ့တာ။

          " ရှာလိုက်ရတာ ရိပေါ်ရယ်။ဖုန်းခေါ်တော့လည်း မကိုင်တာနဲ့မင်းရဲ့တည်နေရာကို ရှာကြည့်တော့ ဒီမှာရောက်နေတာ။မလာစဖူးလာပြီး ဘာတွေတွေးနေတာတုန်းဟ "

           အသံနဲ့အတူရောက်လာတဲ့ ဝမ်ဟောက်ရွှမ်းဟာ Suit ကြယ်သီးတွေတောင်ဖြုတ်လို့ထားတော့ တကယ်ကြီးသူ့ကိုနေရာစုံလိုက်ရှာနေပုံပဲ။နောက်နားလေးဆီမှ ယွီပင်းကပါထပ်ရောက်လာလေတော့ ရိပေါ်ပြုံးမိသွားရ၏။နှစ်ယောက်သားဟာ ချွေးတွေတောင်ပျံလို့ရယ်။

          " ဘာစိတ်ကူးတွေနဲ့များ ဒီနေရာကိုလာနေလည်းမသိဘူး။ငါတို့မှာ မင်းပျောက်သွားလို့ စျေးဝယ်စင်တာတွေထဲ မြေလှန်ရှာလာတာ။ဒီမှာ ဘာလာလုပ်နေတာလည်း ရိပေါ် "

          ဟောက်ရွှမ်း နည်းတူ ယွီပင်းကပါမေးလာတာမို့ ရိပေါ်ကခေါင်းတညိမ့်ညိမ့်ဖြင့်...

          " ဘာဖြစ်မှ ဒီကိုလာရတာလား။ငါ စိတ်ကူးပေါက်လို့လာတာပေါ့ကွာ မင်းတို့ကလည်း "

          " အဲ့ဒါတော့ အဲ့ဒါပေါ့ဟ။မင်းက ရုံးရောက်တာနဲ့ မင်းရုံးခန်းမှာပဲ နေတယ်။Meeting ရှိရင်ထွက်လာတယ်..အဲ့လောက်ပဲလေ။မင်းပိုင်တဲ့ ဒီကုမ္ပဏီကြီးထဲ နေရာအကုန်လည်းမင်းမရောက်ဖူးဘူး။ငါပဲ အကုန်လုပ်နေရတာမလား။အဲ့တော့ ဒီနေရာမျိူးဆို ပိုလို့တောင်မင်းမလာတတ်ဖူး။ဒီနေ့ကျမှ ထူးထူးဆန်းဆန်းတွေလေ "

Under The Influence __ UTI { Completed }Where stories live. Discover now