UTI __ 29 __ U & Z

4.8K 254 114
                                    

     " မာမားးး! ! အားးးး... ခင်ဗျား  !! လွှတ်စမ်း! ! ။တစ်ယောက်လောက် ကူညီကြပါဦး "

     အိမ်ကလေးရှေ့က ပန်းပင်တွေကိုရေပိုက်လေးကိုင်ပြီး ရေလောင်းနေတဲ့ရှောင်းချင်းချန်တစ်ယောက် သူ့ရဲ့နောက်ဖက်ဆီမှသိုင်းဖက်လာမှုကြောင့် အတင်းရုန်းကန်အကူညီတောင်းမိသည်။ထိုလူရဲ့ဖက်တွယ်မှုဟာ တင်းကြပ်လွန်းတာကြောင့် သူဘယ်လိုမှမရုန်းနိုင်ဘဲ ထိုလူ့မျက်နှာကိုလည်းကြည့်ခွင့်မရပြန်ဘူး။ဒါပေမဲ့ ပါးစပ်ကနေအော်ဟစ်ကာ တစ်ယောက်ယောက်အားလာကူညီစေချင်နေတယ်။

     " ရှူးးး ..ဘာလို့အဲ့လောက်အော်နေတာလည်းကွ။တော်ကြာ လူတွေရောက်လာလို့ခေါင်းပါကွဲတော့မယ် "

     " ဟင်! !! မောင်လား..ဟင့်..မင်းလား မောင် "

     " မောင်လေ အချစ်ရဲ့ "

     ရင်းနှီးပျော်ဝင်ပြီးသား လူတစ်ယောက်ရဲ့အသံကိုကြားကာမှ သူအသိစိတ်ပြန်ဝင်လာပြီး နောက်ကိုအတင်းလှည့်ကြည့်မိတယ်။ပါးချိူင့်ရေးရေးလေးနဲ့ ပြုံးပြနေတဲ့မောင်ကပြန်လာမဲ့ရက်ထက် စောပြီးရောက်လာခဲ့ပုံပဲ။မောင့်မျက်နှာကို တစ်ဝကြီးကြည့်ပြီးကာမှ မောင့်ရင်ခွင်ကျယ်ကြီးထဲတိုးဝင်ပွေ့ဖက်မိတော့သည်။

      လွမ်းနေခဲ့တာ မောင်ရယ်..

      လွမ်းနေခဲ့တာ မောင်ရယ်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

       " မောင် လူဆိုးကြီး..အဟင့်..လွမ်းနေတာလို့။အင့်..မသိဘူးမလား။အလုပ်တွေပဲလုပ်နေတာ "

       " အချစ်ရယ် ဘယ်လိုမေးလိုက်တာလည်း။မောင်က မလွမ်းဘဲနေမလားဗျ။မောင့်အချစ်ကို သိပ်လွမ်းလွန်းလို့ ဆိုက်ကအလုပ်သမားတွေတောင် မောင့်ကိုသနားနေကြပြီ။သူတို့တွေက နေ့တိုင်းမြင်နေရတာလေ။လွမ်းနာကျနေတဲ့မောင့်ရုပ်ကြီးကို "

Under The Influence __ UTI { Completed }Where stories live. Discover now