UTI __ 7 __ U & Z

6.9K 395 54
                                    

    " အိုက်မား "

    " ရှင်.. ပြောပါရှင့် "

    မနက်စာ ကော်ဖီနဲ့မုန့်စားရင်းစကားစ ပြောလာတဲ့သားဖြစ်သူရဲ့ခေါ်သံကို ခပ်ပြုံးပြုံးထူးလိုက်တာမို့ သဘောကျသွားတဲ့သားချောလေးဟာ တစ်ချက်ပြုံးလိုက်သေးတယ်။ထို့နောက် ကော်ဖီလေးတစ်ငုံသောက်ကာ သူ့စကားကိုဆက်ပြောခဲ့သည်။

    " ကျွန်တော့်ကို ကားတစ်စီးလောက်ဝယ်ပေး "

    " အလို...သားမှာ ဆိုင်ကယ်တွေရော၊ကားတွေရော စီးလို့တောင်မနိုင်တာကို ထပ်ဝယ်အုံးမလို့လား "

    " အိုက်မား ကဝယ်မပေးချင်ဘူးလား "

    " မဟုတ်ပါဘူးကွယ်။ကားတစ်စီးက ဘာမှမဟုတ်ပါဘူး။သား အသုံးလိုတော့လည်းထပ်ဝယ်ပေးမှာပေါ့ "

    " ကျေးဇူးတင်ပါတယ်ဗျ "

    " ဟုတ်ပါပြီ.. ဒါနဲ့ဘာလုပ်ဖို့လည်း သား "

    " ရှောင်းကျန့် အတွက် "

    ရှောင်းကျန့်အတွက်ဆိုတော့ ဝမ်အိုက်မိတ်တစ်ယောက် မျက်ခုံးမြင့်တက်သွားရသည်။ရှောင်းကျန့်ကို စိတ်ပူပြီးချစ်တတ်လွန်းတဲ့ရိပေါ်ဟာ ကားပေးမောင်းမယ်ဆိုပဲ။ဒါက မဖြစ်နိုင်တာမို့ သူမ သိချင်တာကိုထပ်မေးရပေဦးမည်။

    " သားရှောင်းကို ကားမောင်းခိုင်းမယ်ပေါ့ "

    " မဟုတ်ပါဘူး ..​ မိုးတွင်းရောက်လာပြီလေ။ပြီးတော့ သူဆိုင်သွားရင်လည်းကားငှားနေရတာကို မမြင်ချင်တော့လို့ "

    " အမလေး ဟုတ်ပါပြီတော်။ချစ်ပြီဆိုမှတော့ ဝမ်ရိပေါ်တို့များ ရှယ်အမ်းတာနော် "

    " ရှောင်းကျန့် မို့ပါ။ကျန်တဲ့လူတွေဆို ရှိတယ်လို့တောင်မသတ်မှတ်ဖူး "

    " သြော်ဟော်.. လိုက်လို့ကို မမှီတော့ဘူး "

    " နည်းနည်းပါ။ဒါဆို ဒီနေ့ရှောင်းကျန့်ကို လိုက်ပို့လိုက်အုံးမယ်။သွားပြီနော် အိုက်မား..ပြွတ်စ် "

    " ကောင်းပါပြီရှင် "

    မိခင်ရဲ့ပါးပြင်ကို တစ်ချက်နမ်းပြီးဆိုင်ကယ်သော့ကိုယူကာ ထွက်သွားတဲ့သားကိုလိုက်ငေးရင်း ပြုံးလို့ကျန်ရစ်ခဲ့တာဝမ်အိုက်မိတ်ပါ။လိင်တူချင်းကိုကျမှ အသဲစွဲအောင်ချစ်တတ်နေတဲ့သားကို စိတ်ချမ်းသာစေဖို့တစ်ခုသာ ရှေ့ပြေးဦးစားပေးတတ်တဲ့မိခင်မို့ သားရဲ့ရွေးချယ်မှုကိုအပြုံးတောင် မပျက်ခဲ့သူပါ။

Under The Influence __ UTI { Completed }Where stories live. Discover now