UTI __ 35 __ U & Z

5.2K 240 91
                                    

        " မင်း ဘယ်လိုသဘောရလည်း ရိပေါ်။ဒါက ငါတို့အတွက်မနစ်နာသလို ရှယ်တွေပြန်နုတ်သွားလည်း သူရှုံးတာပဲလေ "

        " အဲ့ဒါ ဟုတ်ပါပြီ။စာချူပ်မှာပါတဲ့အတိုင်း တကယ်ပဲ US ကိုအပြီးပြန်သွားရင် သူ့ရဲ့လုပ်ငန်းနဲ့ပိုင်ဆိုင်မှုတွေကို ရိပေါ်လက်ထဲထည့်ပေးပြီး ရှယ်ယာငွေပဲပြန်ယူမယ်ဆိုတာက သေချာလို့လား ဟောက်ရွှမ်း "

       ဝမ်ဟောက်ရွှမ်းရဲ့စကားကို ရိပေါ်ကဘာမှပြန်မပြောသေးပေမဲ့ မန်နေဂျာယွီပင်းကတော့ ရိပေါ်ရဲ့လက်ထောက်အဖြစ်လည်း အားလုံးလုပ်နေရသူပီပီချက်ချင်း ပြန်၍မေးလာ၏။ဟောက်ရွှမ်းက ခေါင်းတစ်ညိမ့်ညိမ့်လုပ်ကာ မေးစေ့ကိုလက်နဲ့ပွတ်ရင်း..
 
       " တရားဝင်စာချူပ်လေ ယွီပင်းရဲ့။ရိပေါ်နဲ့အစ်မရဲ့ပတ်သတ်မှုကို မိုက်ကယ်အားလုံးသိနေပြီ။ဒါပေမဲ့ သူ့မှာအစ်မဆီက အချစ်မရတာကလွဲရင် ရိပေါ်ကိုလည်းအငြိုးမထားဘူး။ကျန့်ကောကိုလည်း မမုန်းဘူးလေ။ဒါကြောင့်လည်း သူ့ရဲ့တရားမဝင်အလုပ်ကိုစွန့်လွှတ်ပြီး စီးပွားရေးလောကထဲဝင်လာတယ်။ပြီးတော့ ဟိုတယ်တစ်ခုကိုပြန်ဝယ်ပြီး ဦးစီးလာတာကြာနေပြီ။ရိပေါ်အတွက် ဟိုတယ်တစ်ခုကဘာမှမဟုတ်ပေမဲ့ တစ်ဖက်တစ်လမ်းကနေ အပိုရတယ်လေ။အဲ့ဒါကြောင့် ငါ့ဆီမှာလာပြီးညှိနှိုင်းတာကို မင်းတို့သိအောင်လာပြောပြတာပေါ့ "

        " အဲ့ဒါလည်း ဟုတ်ပါတယ်။ဆိုတော့ ရိပေါ် မင်းပဲဆုံးဖြတ်တော့လေ "

        တစ်ချိန်လုံးငြိမ်နေတဲ့ရိပေါ်ဟာ မျက်မှောင်တစ်ချက်ကျူံ့လိုက်ပြီး စားပွဲပေါ်ကဖန်ခွက်ထဲမှရေကို အကုန်သောက်လိုက်တယ်။သူ့စိတ်ထဲမှာ မိုက်ကယ်နဲ့ပူးပေါင်းဖို့ သိပ်ပြီးဘဝင်မကျလှပေမဲ့လည်း ဟောက်ရွှမ်းပြောပြတာသဘာဝကျသည်။အားလုံးက မိုက်ကယ့်အတွက်ဆုံးရှုံးရမှာတွေဆိုပေမဲ့ တစ်ဖက်သားအပေါ်ကျအဲ့လိုကြီး သူမလုပ်ချင်ပြန်ဘူး။ဝေခွဲမရစွာနဲ့ပဲ ဆုံးဖြတ်ရခက်နေလို့ သူ့နုတ်ကဖြေမဲ့အဖြေဟာ ပရမ်းပတာဖြစ်နိုင်သည်။ဒါကြောင့် Suit ကြယ်သီးကိုဖြုတ်၊နက်ခ်တိုင်ကို ဖြေလျှော့ကာမတ်တပ်ရပ်လိုက်တယ်။ထို့နောက် သူပြောလိုက်တာက..

Under The Influence __ UTI { Completed }Where stories live. Discover now