ဂျီကျဂျစ်တိုက်နေတဲ့ရိပေါ်ကြောင့် ရှောင်းကျန့်တစ်ယောက် ဆိုင်မဖွင့်ဖြစ်တာတစ်ပတ်လောက်ရှိပြီ။ဒဏ်ရာလေးမဖြစ်စလောက်ကို ဗန်းပြပြီးရှောင်းကျန့်အား သူ့အနားမှာနေစေခဲ့သည်။စိုးရိမ်စိတ်နဲ့ဂရုစိုက်ပေးခဲ့မိတဲ့အတွက် နောင်တတောင်ရချင်သွားတယ်။
ဒီနေ့တော့ ကျောင်းက ကလေးတွေမျှော်နေကြမှာကိိုသိတာမို့ သွားဖြစ်အောင်သွားဖို့ ဆုံးဖြတ်ထားသည်။ထို့ကြောင့် မနက်အစောထကာရေမိုးချိူး ပြင်ဆင်ပြီးအခန်းပြင်ထွက်ခဲ့တော့ အိမ်ထဲမှာလူမရှိသလိုမျိူး တိတ်ဆိတ်နေတာမို့အိပ်ယာများ မထကြသေးလို့လားဟုထင်ပြီး ရှောင်းချင်းချန်ရဲ့အခန်းကို သွားကြည့်တော့လည်း လူမရှိဘူး။
အိမ်ရှေ့ဧည့်ခန်းထဲလည်းမရှိသလို၊မီးဖိုထဲမှာတကုပ်ကုပ်အလုပ်ရှုပ်နေတတ်တဲ့ မိခင်ကိုလည်းမတွေ့ရတာကြောင့် အိမ်အပြင်ကိုထွက်လာခဲ့မိတယ်။ခြံတံခါးဝ မှာရပ်ထားတဲ့အကောင်းစားကားကြီးနဲ့အတူ ဝမ်ရိပေါ်ရဲ့မိခင်ဝမ်အိုက်မိတ်ဟာ သူ့ရဲ့မိခင်ရှောင်းမေဟွား၊ချင်းချန်တို့နဲ့အတူ ပြုံးရွှင်စွာစကားပြောနေကြလေရဲ့။ရှောင်းကျန့်လည်း သူတို့အနားကိုအပြေးလေးသွားပြီး ဘယ်ကိုသွားဖို့ပြင်နေကြလည်းဆိုတာကို မေးရတာပေါ့။
" မား ဘာတွေပြင်ဆင်နေကြတာလည်း။ပြီးတော့ ဘယ်သွားကြမလို့လည်း ဟင် "
" ဟော..သားနိုးလာပြီပဲ။လာ သား..ဘယ်မှသွားဖို့မဟုတ်ပါဘူးကွယ် "
" ဒါဆို ဒီကားကြီးက အန်တီအိုက်အသစ်ဝယ်လိုက်ပြန်တာလား "
" မင်း ဘယ်လိုထင်လည်းအစ်ကို "
" ဟမ်..! "
ရှောင်းချင်ချန်ရဲ့မေးခွန်းကိုဖြေဖို့အတွက် ရှောင်းကျန့်မှာဘာအဖြေမှ မရှိဘူး။သူမသိလို့မေးတာကို ပြန်မေးနေလေတော့ ဘာတွေပြန်ဖြေရမှာတဲ့လည်း။ကြောင်တောင်တောင်လေးနဲ့ ခေါင်းခါပြနေတဲ့ရှောင်းကျန့်ကို ဝမ်အိုက်မိတ်ဟာပြုံးကြည့်လိုက်ရင်း..
" အင်း အန်တီဝယ်လိုက်တာ။ဒါပေမဲ့ အန်တီဝယ်တာမဟုတ်ဖူး သားရှောင်း "
YOU ARE READING
Under The Influence __ UTI { Completed }
Fanfictionဘ ယ် သူ လွှ မ်း မိုး ခံ ချ င် လ ည်း..... " ဝ မ် ရိ ပေါ် " ဆို တဲ့ ကျူ ပ် ခြေ ဖ ဝါး အော က် မှာ လေ.....