UTI __ 26 __ U & Z

5.8K 284 81
                                    

     " သားလေး အို့အို့..ဒယ်ဒီ့ကိုကြည့်နေတာလား သားက..ဟုတ်လား..အို့..ဒယ်ဒီ့သားငယ်လေး.. သြော် ပြုံးနေတာ ကလေးက..ဟင်.. သားလေး "

     " အဲ့..အဲ့.."

     " ဟောဗျာ ..စကားတွေပြောနေတာလား သားက..ဒယ်ဒီ့ကိုစကားတွေပြန်ပြောနေတာပေါ့ "

     ညကမှမွေးထားတဲ့ ကလေးပိစိကွေးလေးကိုရင်ခွင်ထဲပွေ့ပိုက်ပြီး စကားတွေပြောကာမြူနေတဲ့ရိပေါ်။

     မျက်လုံးလေးမဆိုစလောက်လေးပွင့်ကာ လက်ကလေးကားယားနဲ့ ကလေးလေးကသူ့အဖေမှန်းသိနေပုံနဲ့ တအဲ့အဲ့အသံလေးပေးလို့ပေါ့။ဘာမှမသိတတ်၊မခံစားတတ်သေးတဲ့ကလေးလေးကို ချော့မြူနေတဲ့ဝမ်ရိပေါ်ဟာ ခုမှတကယ်ကိုရင့်ကျတ်သွားတဲ့ ဖခင်တစ်ယောက်နှယ်။ပြုံးရွှင်စွာနဲ့သားဖြစ်သူကို မြူနေတဲ့မြင်ကွင်းလေးဟာဆိုရင် မြင်ရသူအဖို့ကြည်နူးစရာပါ။

      " အဲ့..အူဝဲ..အင့်..အူဝဲ.."

      " သားလေး..မငိုနဲ့လေကွာ..ကျွတ် ကျွတ်..ဒယ်ဒီရှိတယ်လေ သားရဲ့..။ဖွားဖွားရေ နို့ဘူးလေးမြန်မြန်လုပ်ပါ..ဒီမှာ သားသားဗိုက်ဆာလို့အော်ငိုပြီ "

     " လာပါပြီတော်..လာပါပြီ..ရော့ ရော့ "

     ကလေးအတွက်နို့ဘူးလေးဖျော်ကာ လာပို့ပေးတဲ့အိုက်မိတ်က သားကိုနို့သေချာတိုက်နေတဲ့ရိပေါ်ကို ပြုံးပြီးကြည့်နေတယ်။သူမရင်ထဲမှာ ရိပေါ်ငယ်ငယ်ကလည်း ခုလိုလေးပဲဆိုတာကိုပြောပြချင်နေခဲ့ပေမဲ့ ဖခင်မေတ္တာငတ်ခဲ့တဲ့သားလေး ဝမ်းနည်းမှာဆိုးတာနဲ့ပဲ တိတ်ဆိတ်နေလိုက်ရတယ်။

     လူသားတိုင်းက လူချင်းတူပေမဲ့ ဘဝချင်းကျခြားနားကြတယ်လေ..။

     " ပြွတ်..ပြွတ်..အင်းး..ပြွတ်.."

     " အောင်မလေး  အစို့သန်လိုက်တာ ငါ့သားရယ်။မင့်ဟာက ငါ့သားလို့ကိုမပြောရဘူးနော် "

     " ချွတ်စွပ်များတူနေမလား သားငယ်ရယ်..ဟင်းဟင်း.."

     နို့ဘူးက နို့သီးခေါင်းလေးကိုတစ်ပြွတ်ပြွတ်နဲ့ အသံတွေထွက်အောင်စို့နေတဲ့ကလေးလေးကြောင့် ရိပေါ်နဲ့အိုက်မိတ်မှာသဘောတကျနဲ့ ရယ်နေကြတယ်။ရိပေါ်က နို့ဘူးလေးကိုကိုင်ကာထိန်းတိုက်ရင်း မိခင်ကိုပြန်စနောက်နေတာ။

Under The Influence __ UTI { Completed }Where stories live. Discover now