UTI __ 17 __ U & Z

6.7K 349 77
                                    

     " တောက်ခ်! !! ရာဇဝင်ရိုင်းလိုက်တာကွာ။ကိုယ့်အစ်မတစ်ယောက်လုံး ဒီလောက်ထိခံလာရတာကို မင်းမကာကွယ်နိုင်ဘူးလား ဝမ်ဟောက်ရွှမ်း...ဟမ်! ! ဒီလောက်လေးတောင် $သုံးမကျမှတော့ ဘယ်နေရာများသွားသုံးစားလို့ရတော့မှာလည်း "

     " အဲ့လိုတော့ မပြောနဲ့ပါး။ကျွန်တော်လည်း သူ့ကိုစိတ်မချလို့တောင် နောက်ကလိုက်သွားခဲ့တဲ့ကောင်ပါဗျ။ဘားတစ်ခုလုံး ရိပေါ်လူတွေဖြစ်နေမှတော့ ဘယ်လိုလုပ်ပြီးပြန်ချနိုင်မှာလည်း။ပါး ဦးနှောက်ရှိရင်စဥ်းစားလေ "

     " ဟ! ! နေစမ်းပါဦး။ခုက မင်းငါ့ကိုပြန်အာခံနေတာလား "

     " အာခံနေတာမဟုတ်ဖူး။အများနဲ့တစ်ယောက် မညီမျှလို့မခုခံနိုင်ဘူးဆိုတာ ပါးသိအောင်ပြောပြနေတာ " 

     ဖခင်ဖြစ်သူဝမ်ကျူးလျှိူရဲ့ အကောင်းမမြင်တဲ့ အပြစ်တင်စကားတွေကိုပြန်လည်ချေပမိတဲ့ ဝမ်ဟောက်ရွှမ်းတစ်ယောက် သူ့ဖခင်အားတော်တော်လေးစိတ်ပျက်မိသည်။ပညာရေးမှာထူးချွန်လျက်နဲ့တောင် ဆုံးခန်းတိုင်အောင်သင်ခွင့်မရခဲ့ဘဲ ဝမ်ကျူးလျှိူရဲ့စီးပွားရေးလုပ်ငန်းတွေမှာ ဦးဆောင်ခဲ့ရတယ်။ဘယ်နေရာဖြစ်ဖြစ် အငယ်ဖြစ်တဲ့သူကပဲ အစ်မဖြစ်သူဝမ်ချင်းကိုဦးစားပေးခဲ့ရတာ သူသာအသိဆုံးလေ။ဒီလောက်လုပ်ပေးနေတာတောင် ဝမ်ကျူးလျှိူကသူ့ကိုတစ်ခါမှ အကောင်းမမြင်ဘဲ$ပြသ်တွေဘဲ အမြဲတင်နေခဲ့တာ။ကောင်းလည်းခဏပေါ့။သူစိတ်တိုင်းကျနေတဲ့အချိန်လောက်ပဲ။

     " ငါအဲ့လောက်အတွေးမတိမ်ဘူး ဟောက်ရွှမ်း။မင်းသာနည်းနည်းလောက် ကာကွယ်ပေးခဲ့ရင်သမီးက ခုလောက်ထိဒဏ်ရာရမှာမဟုတ်ဖူးလေ။မင်းဆိုတဲ့ကောင်က ဘာမှမလုပ်ပေးဘဲကြည့်နေနိုင်ခဲ့လို့ သတိလစ်ပြီးသွေးထွက်လွန်ခဲ့တာမဟုတ်လား။မင်း မကောင်းလို့ တောက်ခ်! ! "

    " သြော် အဟက်...အေးပေါ့..ကျူပ်က ကိုယ်ခံပညာတွေတတ်ကျွမ်းထားတဲ့ ပြိုင်ဘက်ကင်းကြီးဆို​တော့ ဝမ်ရိပေါ်လိုလူတစ်ယောက်ရဲ့ ကိုယ်ရံတော်တွေကို သေချာတိုက်နိုင်မယ်လို့ခင်ဗျားထင်နေတာလား။အစ်မကို ကာကွယ်ဖို့ခင်ဗျားကိုယ်တိုင်ကရော လူတွေလုံလုံလောက်လောက်ထားပေးခဲ့လို့လား။ကျူပ်ကိုရော ခင်ဗျားငွေရဖို့ကလွဲပြီး ဘာအခွင့်အရေးတွေများပေးခဲ့၊သင်ကြားစေခဲ့လိုလည်း သေချာလည်းပြန်စဥ်းစားကြည့်ပါဦး "

Under The Influence __ UTI { Completed }Where stories live. Discover now