UTI __ 34 __ U & Z

4.9K 267 84
                                    

       တစ်ခုသောညနေခင်းလေးမှာ ပါပါးရှောင်းတစ်ယောက် သူ့သားလေးကျောင်းသွားဖို့ ပြင်ဆင်ပေးလို့နေတယ်။သုံးနှစ်ကျော်ကလေးပိစိလေအား စာတွေသင်ပေးတာမျိူးမဟုတ်တဲ့ ကလေးလေးတွေအတတ်လွယ်အောင် ချစ်စရာသင်ကြားနည်းတွေရှိနေတဲ့ကျောင်းမှာ တစ်ပတ်ကိုနှစ်ရက်နှုန်းနဲ့ ထားပေးထားသည်။ကျောင်းပို့ချိန်ညနေဟာ သူ့ဒယ်ဒီရဲ့အလုပ်ဆင်းချိန်နှစ်နာရီအလိုလည်း ဖြစ်တာကြောင့်ဝမ်စောအော်အား အပြန်ဝင်ကြိုပေးဖို့ အဆင်ပြေအောင်သာဖြစ်၏။

       ဒီလိုလုပ်ရတာကလည်း ကားမရှိ၊ဒရိုင်ဘာမရှိလို့မဟုတ်ပါ။သူတို့သားလေးကို ဘယ်အရာမှထိခိုက်လို့မရအောင် စောင့်ရှောက်ပေးနိုင်တဲ့ရိပေါ်ရဲ့လူတွေဟာ နေရာအနှံ့မှာရှိနေပါတယ်။ရိပေါ်ရဲ့စည်းကမ်းချက်တစ်ခုကြောင့် ပေါ်ပေါ်ထင်ထင်မနေကြတာကလွဲရင် နောက်ကွယ်ကနေအမြဲစောင့်ကြည့်နေကြသည်။သက်တော်စောင့်တွေ လူလုံးထွက်ပြခဲ့တာဆိုလို့ သူတို့မဂ်လာဆောင်တုန်းကနဲ့ ရိပေါ်ရန်ဖြစ်တဲ့အချိန်တွေသာရှိ၏။အခုလည်း ဝမ်ရိပေါ်ဟာသားဖြစ်သူရဲ့ကျောင်းတက်ချိန်ကို အလုပ်တစ်ခုအဖြစ်အချိန်စာရင်းထဲမှာ ထည့်သွင်းပြီးအကြိုအပို့လုပ်ပေးနေတာဟာ သူ့ငယ်ဘဝနဲ့ကွဲပြားပြီး ဖခင်နှစ်ယောက်လုံးနဲ့မေတ္တာကို သားငယ်လေးအားအပြည့်အဝ ရစေချင်သောကြောင့်ပင်။

       " ပါပါး "

       " ဗျာ သားလေး "

       " ပါပါး ထည့်ပေးတဲ့ပူတင်းကိုယေ ဖိုးဖိုးကိုယဲကျွေးလိုက်မယ်နော် "

       " ဟမ်!  ဘယ်ကဖိုးဖိုးလည်း သားရဲ့ "

       " ပါပီနဲ့တိတဲ့ ဖိုးဖိုးပေါ့ ပါပါးရယ်။အဲ့ဖိုးဖိုးကယေ ပါပီ့ကိုမုန့်တွေဝယ်ပေးတယ်။ပြီးတော့ အိုက်စခရင်ရောပဲ "

       မပီကလာပီကလာလေးနဲ့ သူ့ကိုမုန့်နဲ့ရေခဲမုန့်တွေဝယ်ပေးကြောင်း ပြောပြနေတဲ့ဝမ်စောအော်လေးကို ရှောင်းကျန့်နားမလည်နိုင်စွာကြည့်လိုက်မိ၏။သူတို့သားလေးမှာ ဖိုဖိုးဆိုတာမှမရှိတာလေ။ခုကျောင်းသွားနေတဲ့အချိန်ရောက်မှ ဘယ်ကဖိုးဖိုးပေါ်လာမှန်းမသိဘူး။ရှောင်ကျန့်ဟာစောအော်ရဲ့အဝတ်စားလေးတွေကို သေချာဝတ်ပေးပြီး ကျောပိုးအိတ်လေးကိုလွယ်ပေးလိုက်တယ်။သားကို ကျောင်းပို့ရင်းဖိုးဖိုးဆိုသူကို လိုက်ချောင်းဖို့စိတ်ထဲတွေးရင်း ဝမ်စောအော်အားအမှာစကားခြွေရပြန်သည်။

Under The Influence __ UTI { Completed }Where stories live. Discover now