" မောင် နေလို့မကောင်းဘူးလားဟင်။အိပ်ယာနိုးကတည်းက မျက်နှာမကောင်းဘူး "
" မောင် နေကောင်း.."
" မှောင် နေရို့မတောင်းဘူးယား.."
" ဟမ်! ! "
အခန်းထဲဝင်လာတဲ့ ဝမ်စောအော်ရဲ့အော်မေးသံကြောင့် ဝမ်ရိပေါ်တစ်ယောက်ပြောလက်စတောင် ပြီးအောင်ပြောချိန်မရလိုက်ဖူး။အံ့သြနဘမ်းတွေကြီးပြီး သူရောရှောင်းကျန့်ပါ သားဖြစ်သူကိုလှည့်ကြည့်လိုက်ကြသည်။ဘာလို့ဆိုရှောင်းကျန့်မေးသလိုမျိူး ဝမ်ရိပေါ်အားမောင်လို့ခေါ်ကာ သံယောင်လိုက်နေခြင်းကြောင့်ပင်။
" မှောင် နေမတောင်းဘူးယားရို့ ဟီးဟီး "
" မင်း အဖေကိုဘယ်လိုခေါ်နေတာလည်း ဝမ်စောအော် "
" မှောင်ယေ..ဘာဖြစ်ရို့တုန်း ဒယ်ဒီကယဲ။ပါပါး ကျတော့ထော်ရတယ်။ပါပိီလည်း ထော်မယ် "
" မရဘူး, အဲ့ဒါ မင်းပါပါးပဲခေါ်ခွင့်ရှိတာ။သားက ဒယ်ဒီလို့ပဲခေါ်လေ "
" ဟင့် မရဘူး..ထော်မယ် ထော်မယ် "
သားဖနှစ်ယောက်ရန်ဖြစ်နေတာကို ပြုံးပြီးကြည့်နေတဲ့ရှောင်းကျန့်ဟာ ကုတင်ပေါ်ကိုအရမကတက်နေတဲ့ ဝမ်စောအော်လေးအားချီမ ပြီးတင်ပေးလိုက်တယ်။အမြဲ ငြင်းနေတတ်တဲ့ထိုသားဖဟာ ခုလည်းသားကအဖေကို မောင်ခေါ်လို့ဆိုပြီးဖြစ်ကြပြန်ပြီ။ဝမ်ရိပေါ်ဟာ ကုပ္မဏီသွားဖို့ရှောင်းကျန့်အကျီဝတ်ပေးနေတာကို အသာထားခဲ့လိုက်ပြီး ကုတင်ပေါ်ကသားဆီကိုရောက်သွားတယ်။
" သား "
" ဂျာ "
" ဒယ်ဒီလို့ပဲ ခေါ်နော် "
" မှောင် က ဘာပုရို့ယဲ "
" ဟားးဟားး "
" ကျစ်! ! မရယ်နဲ့နော် မောင့်ရှောင်း။ဒီမှာ မင်းသားလုပ်ပုံကြောင့် ရှင်းရခက်နေပြီ "
" မရယ်ဘဲ မနေနိုင်ဘူးလေ မောင်ရယ်။မင်းတို့သားဖလုပ်နေတာလည်း ကြည့်ဦး။ပြီးတော့ သားက မင်းရဲ့သား၊မင်းရဲ့သွေးလေကွာ "
आप पढ़ रहे हैं
Under The Influence __ UTI { Completed }
फैनफिक्शनဘ ယ် သူ လွှ မ်း မိုး ခံ ချ င် လ ည်း..... " ဝ မ် ရိ ပေါ် " ဆို တဲ့ ကျူ ပ် ခြေ ဖ ဝါး အော က် မှာ လေ.....