UTI __ 38 __ U & Z

4.4K 256 71
                                    

ဒီနေ့ညနေတော့ သားဖတွေဆိုင်ကယ်လျှောက်စီးကြဖို့ သဘောတူထားသည်။ဝမ်စောအော်က ကလေးပေမဲ့ မကြောက်မလန့် ဆိုင်ကယ်စီးရဲပေမဲ့ လူကြီးဖြစ်တဲ့ရှောင်းကျန့်က ကြောက်နေသည်။အရင်ထဲက ကြောက်တာဆိုတော့ အခုထိလည်းအကျင့်ကမပျောက်ဖူး။ရည်းစားမဖြစ်ခင်ကလည်း ဝမ်ရိပေါ်နောက်က ဆိုင်ကယ်လိုက်စီးဖူးသည်။သို့သော်လည်း သူစီးချင်လွန်းလို့မဟုတ်။ဝမ်ရိပေါ်ရဲ့ တဇွတ်ထိုးဆန်မှုလေးတွေကြောင့် ဆိုင်ကယ်နောက်ပါသွားရခြင်းသာ။

" သား လာခဲ့,ဒယ်ဒီ ဦးထုပ်ဆောင်းပေးမယ် "

" ဟုတ် ဒယ်ဒီ "

ဝမ်ရိပေါ်က ဝမ်စောအော်ကို ဆိုင်ကယ်ဦးထုပ်အသေးလေးအား သေချာလေးဆောင်းပေးလိုက်ပြီး မေးသိုင်းကြိုကိုမြဲအောင်ချည်ပေးလိုက်တယ်။ထို့နောက် အဆင်သင့်ဖြစ်သွားတဲ့ဝမ်စောအော်ကို လက်မထောင်ပြတာခဏထားခဲ့ပြီး အဆင်မသင့်သေးတဲ့ ရှောင်းကျန့်ဘက်ကိုလှည့်လိုက်တယ်။အိမ်ရဲ့အဝင်ဝ က လှေကားထစ်လေးပေါ်ထိုင်ပြီး မသာယာတဲ့မျက်နှာလေးနဲ့ သူတို့သားဖကိုကြည့်နေတာက ဆိုင်ကယ်စီးဖို့တွန့်ဆုတ်နေမှန်း ရိပေါ်သိတယ်။ဒါပေမဲ့ ကိုယ့်ယောကျာ်းနောက်ကနေတောင် ရဲရဲလိုက်မစီးရဲသေးတဲ့ဟာလေးကို ပညာပေးရဦးမည်။

" မောင့်ရှောင်း "

" ဟင် မောင် "

" ဘာလို့ မျက်နှာလေးက အဲ့လိုဖြစ်နေတာလည်းကွာ။မောင့်ရှောင်း မပျော်တော့မောင်တောင် မနေတတ်တော့ဘူး "

" ဟိုလေ မောင်,ငါက မပျော်တာမဟုတ်ပါဘူး။ဟို မောင့်ဟာကြီးမစီးရဲလို့ အဲ့ဒါ "

" ဟားးဟားး မောင့်ရှောင်းကကွာ။မောင့်ဟာကို မင်းစီးနေကျပဲလေ။ဘာလို့ ခုကျကြောက်နေတာလည်း "

လှေကားပေါ်ကဟာလေးကို အသာကောက်ပွေ့လိုက်ပြီး ဘေးမှာ​ဒေါက်ထောက်ရပ်ထားတဲ့ YAMAHA ဆိုင်ကယ်ကြီးပေါ်တင်လိုက်တယ်။ဒါတောင် ကြောက်ပြီးသူ့လည်တိုင်ကို အတင်းဖက်ထားတာမို့ ရိပေါ်တစ်ယောက်ရှောင်းကျန့်ကို အူယားပြီးရင်းယားနေရတော့တာ။သားတောင် ဘယ်လိုမှမနေတာ ဒီပါပါးလေးကဘာဖြစ်နေတာလည်း။

Under The Influence __ UTI { Completed }Where stories live. Discover now