UTI __ 31 __ U & Z

4.8K 227 88
                                    

       " ၁၀ သန်း "

       " ၁၅ သန်း "

       " သန်း ၂၀ "

       " ၂၅ သန်း "

       ယွမ် ဆယ်သန်း ကနေစ ခေါ်မိတဲ့ဝမ်ရိပေါ်တစ်ယောက် သက်ပြင်းချမိသည်။ဟောက်ရွှမ်းလိုချင်နေတဲ့ ဆောက်လက်စကစားကွင်းဘေးက မြေကွက်ရဲ့လေလံပွဲမှာသူတော်တော်လေး စိတ်ရှုပ်နေရပြီ။၁၀ သန်းဆိုတဲ့အင်အားနဲ့တင် ထိုမြေကွက်လပ်လေးက တန်လွန်းနေပြီ။ဒါပေမဲ့ သူ့လိုမျိူးပဲ လူစည်ကားတဲဲဒီမြို့လယ်ကောင်က မြေကွက်ကိုအရယူနိုင်ဖို့ ပြိုင်ဘက်တစ်ဦးကလည်းရှိနေသေးသည်။

       " ရိပေါ် မင်းဆက်တိုးချင်သေးလား "

       " ၃၅ ထိတော့ငါပေးမယ် ဟောက်ရွှမ်း။အဲ့ထက်ပိုပြီးပေးရအောင် ငါမအဘူး "

       " အင်း မင်းသဘောပါ။ယွီပင်း မင်းရော "

       တစ်ချိန်လုံးညိမ်ပြီးနေနေတဲ့ ယွီပင်းကိုပါဟောက်ရွှမ်းက တစ်ခါထဲမေးလိုက်သည်။သူတို့လုပ်ငန်းရေးရာတွေမှာ ယွီပင်းကလည်းမပါမဖြစ်မို့ တစ်ခုခုဆိုသုံးယောက်တိုင်ပင်ပြီးမှ လုပ်လေ့ရှိသည်။ယွီပင်းဟာ ဟောက်ရွှမ်းရဲ့အမေးကို ခေါင်းတစ်ချက်ညိမ့်လိုက်ပြီး..

       " သူဌေးတို့စိတ်ကြိုက်လုပ်ပါ။ကျွန်တော်က ငွေကြေးအရာပိုင်းမို့ အဲ့လောက်ကြီးဝင်မပြောချင်ဘူး။ငွေကိုင်ရတယ်ဆိုပေမဲ့ အရင်ထဲကဘယ်နေရာကို ဘယ်လောက်သုံးမယ်၊ဘာညာဆိုပြီး ဝင်မဆုံးဖြတ်ပေးဖူးတော့ ဘာပြောရမှန်းမသိဘူးလေ "

       " အင်း ငါမေးတာကလည်း မင်းသာရိပေါ်နေရာမှာဆိုရင် ဒီမြေကွက်ကို ၂၅ သန်း ပေးပြီးဝယ်မလား "

       " မြေနေရာက နည်းနည်းကျဥ်းတယ်။ပြီးတော့ ပိုင်ရှင်ကလည်းဒီတိုင်းတောင် လွယ်လွယ်ရောင်းထွက်မဲ့မြေကွက်ကို လေလံဆွဲတယ်ဆိုကတည်းက သူ့အကျိူးအမြတ်အတွက်ပဲဆိုတာ သိသာနေသားပဲ။မတန်တဆကြီး မပေးတာပိုကောင်းတယ် "

       " အိုကေ ရိပေါ်..နည်းနည်းထပ်ခေါ်ကြည့် "

       ဝမ်ဟောက်ရွှမ်းနဲ့ယွီပင်းတို့နှစ်ယောက်ကြားက ဝမ်ရိပေါ်ဟာခေါင်းညိမ့်လိုက်ပြီး လက်ဖဝါးတစ်ဖက်ကိုထောင်လိုက်တယ်။ထို့နောက် တည်ငြိမ်တဲ့အပြုံးတစ်ခုကိုလျှပ်တစ်ပြတ်ဖန်တီးကာ နောက်ဆုံးစျေးကိုတစ်ခွန်းပဲပြောလိုက်၏။

Under The Influence __ UTI { Completed }Where stories live. Discover now