UTI __ 30 __ U & Z

5.5K 270 99
                                    

      တိတ်ဆိတ်နေတဲ့သန်းခေါင်ယံ ညလေးတစ်ညမှာပေါ့။

      လူသားတွေအားလုံး အိပ်မောကျနေကြပေမဲ့ ဝမ်အိမ်တော်ကြီးထဲက ကလေးပိစိလေးတစ်ယောက်ကတော့ တစ်ဟင့်ဟင့်နဲ့မအိပ်သေးဘဲ ဂျီကျနေလေရဲ့။သူ့ရဲ့ဒယ်ဒီကလည်း တစ်နေ့တာအလုပ်မှာပင်ပမ်းလာလို့ အိပ်ပျော်နေပြီ။သူ့ပါပါးကသာ ဒီကလေးလေးအိပ်ပျော်ဖို့ မျိူးစုံချော့မြူနေတာ။ဒါပေမဲ့ ကလေးငယ်ကတော့မျက်လုံးလေးပြူးပြီး အိပ်ဖို့မစဥ်းစားသေးဘူးထင်ပါတယ်။

      " ကျွတ် ကျွတ် ကျွတ် အိပ်ပါသားရယ်။အရမ်းညဥ့်နက်နေပြီ ကလေးလေးရဲ့ "

      " ခိ...ဒယ်..ဒယ်.."

      " ဒယ်ဒီက အိပ်ပျော်နေပြီ။သားလည်း အိပ်တော့နော် "

      " ဒယ်.."

      တစ်နှစ်ပြည့်ဖို့လအနည်းငယ်လိုနေသေးတဲ့ ကလေးလေးဟာ အိပ်ပျော်နေတဲ့သူ့ဒယ်ဒီကိုမော့ကြည့်ပြီး ခေါ်နေတာ။ဒယ်ဒီ့ခင်ဗျာ ဘာမှမသိရှာဘဲအိပ်ပျော်နေတော့ သားငယ်လေးကမထူးမချင်းကို ခေါ်နေတော့တာပဲ။သူလေးဗိုက်ထဲမှာကတည်းက ဖအေချစ်သားလေးမို့ရှောင်းကျန့်ကိုယ်တိုင်တောင် ဝမ်ရိပေါ်နဲ့မခွဲနိုင်ဘဲသွားလေရာ လိုက်ခဲ့တာလေ။ဖအေကို ဘယ်လောက်တောင်ချစ်လည်းဆိုတာ ပြောပါတယ်။

      " ဒယ်ဒီက အလုပ်ပင်ပမ်းလို့အိပ်နေပြီ သားရဲ့ "

      " ဟင့်..ဒယ်ဒယ်.."

      " ဟင် !  သား..မောင့်ရှောင်း မအိပ်သေးဘူးလား "

      ရိပေါ်တစ်ယောက် သူ့ဘေးနားကနေသားရဲ့အသံသေးသေးလေးနဲ့ ခင်ပွန်းငယ်လေးရဲ့ချော့မြူသံတွေကြောင့် နိုးသွားရပြီ။သားဖနှစ်ယောက်ရဲ့အသံလေးတွေက တိုးနေပေမဲ့လူခြေတိတ်ချိန်မို့ သူကြားဖို့လုံလောက်နေတယ်။မအိပ်သေးတဲ့သားငယ်နဲ့ အိပ်ချင်နေသော်လည်းသားမအိပ်လို့ ချော့နေတဲ့မိမိခင်ပွန်းလေးကိုမြင်တော့ ရိပေါ်စိတ်မကောင်းဖြစ်သွားပြန်သည်။အဲ့ဒါနဲ့ ထိုသားဖဘက်ကိုအတင်းလှည့်ပြီး မေးရတော့တာပေါ့။

      " ဒယ်..ဒီ "

      " ဗျာ သား... မအိပ်သေးဘဲနဲ့ ပါပါးကိုဆိုးနေတာပဲကွ "

Under The Influence __ UTI { Completed }Όπου ζουν οι ιστορίες. Ανακάλυψε τώρα