UTI __ 28 __ U & Z

5.3K 279 157
                                    

    " ဟောက်ရွှမ်း ဒီနေရာမှာဘာလုပ်ဖို့လည်း "

    ဝမ်စောအော်ကိုချီပြီး ရှောင်းကျန့်ကိုလက်တစ်ဖက်ဆွဲကာ ဝမ်ဟောက်ရွှမ်းဦးစီးနေတဲ့သူ့ရဲ့ကစားကွင်းကြီးကို လျှောက်ကြည့်လေ့လာနေတဲ့ရိပေါ်က မေးခွန်းထုတ်လိုက်တယ်။ကွက်လပ်ကျယ်ကြီးမှာမှ တစ်ဖက်ခြမ်းဟာအနည်းငယ်မြင့်နေသလို ဘာလုပ်ဖို့ဆိုတာလည်းခန့်မှန်းလို့မရတာကြောင့် မေးလိုက်ခြင်းသာ။

     " သြော် ဒီမှာက ကမ်းစပ်အတုလေးလုပ်ဖို့ပြင်ထားတာ။ဟိုလိုမျိူးကွာ.. ဟိုမြင့်တဲ့ဘက်ခြမ်းကနေပြီးတော့ ရေတံခွန်အငယ်စားလေးကိုထည့်လိုက်မယ်။ပြီးတော့ ဒီအောက်ဖက်ကနေရာကိုတော့ ရေအကြည်ထည့်ပေးမယ်။ပြီးရင် မော်တာအားနဲ့သွားလို့ရမဲ့ကမစပ်ကို ရေလှိုင်းလာရိုက်တဲ့ပုံစံမျိူးလေ။ကလေး၊လူကြီး အားလုံးကစားလို့ရအောင်ဆိုပေမဲ့ ရေလှိုင်းပါနေတဲ့အတွက်ငါက ဆယ်နှစ်အထက်ကလေးတွေအတွက်ပဲ ခွင့်ပြုပေးလိုက်မယ်လေ "

     " အင်း မင်းပြောတာလည်း သဘာဝကျသား။အရင်ကတော့ ချင်းချန်စာမေးပွဲပြီးတာနဲ့မင်းနဲ့အတူ ဒါကိုဦးစီးခိုင်းမယ်လို့ဆုံးဖြတ်ထားတာ။ခုတော့ ရှောင်းကျန့်ကရုတ်တရက်ကလေးမွေးလိုက်ရတာမို့ မင်းပဲဦးဆောင်ရတယ်။ဆိုတော့ မင်းစိတ်ကြိုက်လုပ်ပါ။လိုတဲ့ငွေငါ့ကိုပြော "

    " အေးပါ ရိပေါ်..လောလောဆယ်တော့ ရှယ်ယာဝင်နှစ်ယောက်နဲ့ အများကြီးမကုန်ရအောင်ညှိနေတယ် "

    " OK လေ...အ့ မောင့်ရှောင်း။နာတယ်ဗျ "

    ဟောက်ရွှမ်းနဲ့ပြောနေရင်းကနေ သူ့လက်ကိုဆွဲထားတဲ့ရှောင်းကျန့်က လက်မောင်းကိုလိမ်ဆွဲလိုက်တာမို့ နာကျင်သွား၏။နုတ်ခမ်းလေးစူကာ မျက်နှာလေးသုန်မှုန်နေတဲ့ရှောင်းကျန့်ဟာ ဘာကိုကောက်သွားသည်မသိပါ။

     " နာအောင်ဆွဲတာလေ..နာပေါ့ "

     " ဟောဗျာ ဘာဖြစ်တာလည်းကွ။အကောင်းကြီးကနေ စိတ်တွေထကောက်နေတယ် "

     " ကောက်မယ်..ကောက်ရမယ်ကွ..ဒါ ကောက်မှရမှာ "

     " ဟမ်.. မဟုတ်သေးပါဘူး။ဝမ်ဟောက်ရွှမ်း.မင်းနဲ့ငါ ပြောတာမှာရှောင်းကျန့်စိတ်ကောက်စရာ ဘာများပါသွားလို့တုန်းကွာ "

Under The Influence __ UTI { Completed }Where stories live. Discover now