UTI __ 20 __ U & Z

7.5K 315 97
                                    

      " ဟင့်အင်း မဖြစ်ရဘူးလေ...မဟုတ်ဖူး အဲ့ဒါက အမှန်မဟုတ်ဖူးလို့ ပြောစမ်းပါ..အားး! !! "

      " သမီး စိတ်လျှော့ပါ သမီးရယ်။ပါပါးတို့က ဒါကိုလက်မခံလို့မရဘူး "

      " မရဘူးးး! !  ဘယ်လိုမှလက်ခံပေးလို့မရဘူး။ရှောင်းက ယောကျာ်းတစ်ယောက်ပဲ..ဟုတ်တယ် အဲ့ဒါကြောင့် သူကကိုယ်ဝန်ဆောင်ကလေးမွေးဖို့ဆို တာမဖြစ်နိုင်ဘူးလေ။ဟုတ်တယ်မလာ ပါး..ဟုတ်တယ်မလားလို့ "

      နေကောင်းခါစမှာ ကြားလိုက်ရတဲ့သတင်းကြောင့် ဝမ်ချင်းတစ်ယောက်တော်တော်လေး စိတ်ထိခိုက်သွားပုံပဲ။ရိပေါ်ကြောင့် တစ်ရက်ကျော်သတိလစ်နေခဲ့ရကနေ သတိပြန်ရလာပြီးအနားယူနေခဲ့ရတာ။ခု သူမနေကောင်းခါကစလေးမှာ ရိပေါ်ရဲ့တရားဝင်သတင်းဌာနတွေကနေ ရှောင်းကျန့်မှာကိုယ် 16 ပတ်ခန့်ရှိပြီဖြစ်ကြောင်းနှင့်အတူ တစ်နိုင်ငံလုံးကလူတွေဟာထိုအကြောင်းအရာအား ဂုဏ်ယူဝမ်းမြောက်ကြောင်စာတွေကို တွေ့လိုက်ရသည်။ဒါက ရှောင်းကျန့်ကိုတ်ဖက်သတ်ချစ်ရတဲ့ ဝမ်ချင်းအတွက်သတင်းဆိုးဖြစ်သလို သူမရဲ့စိတ်အခြေအနေကိုပါအကြီးအကျယ်ရှော့ခ်ရသွားစေသည်။

       " သမီးငယ်ရယ်...ပါပါး ငါ့သမီးလေးကိုဘယ်လိုနှစ်သိမ့်ပေးရမှန်းတောင် မသိတော့ဘူး။ဒီသတင်းက ဒီလောက် HS တက်နေတာ။ပြီးတော့ သူတို့အသိုင်းအဝိုင်းတစ်ခုလုံးကလည်း ငြင်းပယ်ထားတာမျိူးလုံးဝမရှိဘူး။အဲ့တော့ ဒါကအမှန်ပဲသမီး။ရှောင်းကျန့်ကို ပိုင်ဆိုင်လိုစိတ်တွေ လက်လျှော့လိုက်ပါသမီးရယ် "

      " လွယ်လွယ်လက်လျှော့ပေးလိုက်ရအောင် သမီးကအရူးမဟုတ်ဖူး ပါး။ဟောက်ရွှမ်းဘယ်မှာလည်း..ကိုယ့်အစ်မတစ်ယောက်လုံး နေမကောင်းတာကိုတောင် အနားမှတစ်ခါမရှိမနေဘူးလား။သူ့ကိုခိုင်းပြီး ရှောင်းကိုရိပေါ်ဆီကပြန်ယူရမယ် "

     " ဟောက်ရွှမ်း ဒီမှာမရှိဘူး "

     " ဟမ်! !! ဘယ်သွားလို့လည်း။ပါပါး အလုပ်နဲ့ခရီးသွားခိုင်းထားတာလား "

     " မဟုတ်ဖူး.. ပါးနဲ့စကားများပြီး အိမ်ပေါ်ကဆင်းသွားတယ်။ခုတော့ သူ့ကောင်လေးရဲ့အိမ်မှာ အဆင်ပြေနေသားပဲ အဟက်...ရိပေါ်ရဲ့ခင်ပွန်းရှောင်းကျန့်မူးလဲသွားတာ သူကိုယ်တိုင်ကားမောင်းပြီး ဆေးရုံလိုက်ပို့ခဲ့တယ်လို့ ပါးလွှတ်ထားတဲ့လူတွေဆီက သတင်းရတယ် "

Under The Influence __ UTI { Completed }Unde poveștirile trăiesc. Descoperă acum