UTI __ 24 __ U & Z

5.9K 289 127
                                    

     ဥတုရာသီလေးကတော့ ဆောင်းရာသီပေါ့။သို့သော်လည်း မမြဲတဲ့လူ့လောကကြီးထဲမှာ မူမမှန်တဲ့သဘာဝတရားကြီးကလည်း တစ်ခါတစ်လေဖောက်ပြန်တတ်ပါတယ်။သက်ရှိလူတွေလိုပေါ့။

     ဆောင်းရာသီဖြစ်သော်ငြားလည်း အချိန်မဟုတ်အခါမဟုတ်ရွာချလိုက်တဲ့ ဆောင်းမိုးကြောင့် ပေကျင်းတစ်မြို့လုံးစိုစွတ်စိမ်းလန်းသွားတယ်။ဝမ်ရိပေါ်ပိုင်တဲ့ ကုမ္ပဏီကွင်းကြီးထဲကအုန်းပင်တွေဆို အရွက်အဖျားပိုင်းလေးတွေမှာ ရေစက်လေးတွေတွဲလဲခိုလို့ရယ်။မိုးရွာပြီးစမို့ ကြည်လင်နေတဲ့ဘေးပတ်ဝန်းကျင်မှာ မိုးရေကြောင့်ပုန်းခိုရာကနေထွက်လာကြတဲ့ ကျေးငှက်ကလေးတွေရဲ့ ကျလိကျလိအော်သံလေးတွေ စီစီညံလို့ပေါ့။

     " စပျစ်ဝိုင်ရဲ့အရသာလေးက သိပ်ကိုစူးရှတာပဲ။မင်းပြောကြည့် ဝမ်ဟောက်ရွှမ်း..ဒိိီဝိုင်က ငါ့ရဲ့အိမ်သားခင်ပွန်းငယ်လေးလောက် စွဲမက်စရာကောင်းပါ့မလား အေ့.."

     " မူးပြီဆိုရင် အကျင့်လေးကဖောက်လာပြီ။ကျန့်ကော ဘယ်လောက်တောင်စွဲမက်စရာကောင်းလည်း သူ့ယောကျာ်းဖြစ်တဲ့မင်းကပိုသိမှာပေါ့ဟ။ငါ့လာမေးလို့ ဘာဖြေတတ်မှာတုန်း "

     အလုပ်မသိမ်းခင် ရိပေါ်ရဲ့ရုံးခန်းထဲမှာ ဝိုင်သောက်နေကြတဲ့အချိန်မှာ မူးစပြုနေတဲ့ဝမ်ရိပေါ်ရဲ့အမေးကြောင့် ဟောက်ရွှမ်းတိုင်ပတ်သွားရ၏။ရိပေါ်သူ့ကိုကားဝယ်ပေးတဲ့နေ့က ဝိုင်ဝယ်တိုက်ဖို့လှမ်းအော်ခဲ့တာကို မကြားလောက်ဖူးထင်နေတာ။ခုတော့ သူ့အတွက်ဆိုပြီးအကောင်းစားဝိုင်နဲ့အရက်တွေကို ကြိုတင်အော်ဒါမှာပေးခဲ့သည်။ဒီနေ့မှာရောက်လာတဲ့အရက်တွေကို ရိပေါ်နဲ့သူအပါအဝင်မန်နေဂျာယွီပင်းရော သုံးယောက်သားဝိုင်းသောက်နေခဲ့ကြခြင်းဖြစ်သည်။

     " အဟက် အေးကွာ..ငါ့အိမ်သားလေးက သိပ်ပြိီး မြတ်နိုးစရာကောင်းတာ အေ့..။ငါ့ဘဝကြီး စုတ်ပြတ်သတ်သွားမတတ် ငါသူ့ကိုချစ်တာ ။အဲ့ဒါတွေ မင်းတို့ကိုပြောလည်းသိမှာမဟုတ်ပါဘူး "

     " ဒါပေါ့ မင်းရင်ထဲကိုငါတို့ အေ့..ငါတို့ဝင်ကြည့်လို့မရဘူးလေကွာ။သောက် သောက်..အိမ်ရောက်ရင်ငါလည်း ငါ့အချစ်ခလေးဆူတာခံရတော့မယ် ဟားးဟားး "

Under The Influence __ UTI { Completed }Where stories live. Discover now