UTI __ 19 __ U & Z

6.8K 331 130
                                    

      လရောင်မှိန်ပြပြအောက်က တိတ်ဆိတ်အေးချမ်းနေတဲ့ ဘုံကျောင်းလေးထဲမှာ မိသားစုလေးတစ်ခုရောက်နေတယ်။ကျောင်းရဲ့အဝင် မလှမ်းမကမ်းမှာဆိုရင်နတ်ဆရာဖိုးဖိုးကြီးနေတဲ့ သစ်လုံးအိမ်ကလေးကနေရာယူထား၏။ထိုအိမ်ကလေးထဲမှာတော့ ဖိုးဖိုးကြီးဟာကောင်လေးတစ်ယောက်ကို အဆောင်တစ်ခုဖြစ်ပုံရတဲ့ အနီရောင်ကြိုးကို ဆွဲပေးနေပါတယ်။

      " စာတော်ပြီးသား ကျောင်းသားတစ်ယောက်ဟာ ဒီစာမေးပွဲကိုကျော်လွှားဖို့လွယ်ပါလိမ့်မယ်။ဒါပေမဲ့ စာလုပ်ချိန်မှာခေါင်းကြည်လင်နေဖို့က ပထမဆုံးအရေးကြီးတယ် "

      " ဟုတ်ကဲ့ ဖိုးဖိုး "

      " သားက ဝမ်သခင်မကြီးရဲ့မိသားစုဆိုတော့ ဖိုးဖိုးလည်းကူညီပေးတာပါ။ဒီလိုအဆောင်မျိူးကို ဖိုးဖိုးအနေနဲ့ဘယ်သူ့ကိုမှ မလုပ်ပေးဖူးဘူး "

      " ဟုတ်တယ် သားရေ။အန်တီက ဒီကျောင်းမှာဘုံကျောင်းဆောက်ဖို့ အစစအရာရာကူညီအားဖြည့်ပေးပြီး ကုသိုလ်ယူထားတာလေ။ဖိုးဖိုးနဲ့ဆိုလည်း အနာဂတ်အကြောင်းတွေခဏတိုင်း ပြောဖြစ်တော့သားအတွက် ဒီအဆောင်လေးလုပ်ပေးဖို့ တောင်းဆိုလိုက်တာ "

      " ကျေးဇူးတင်ပါတယ် အန်တီအိုက်။အစ်ကို့ကိုတင်မဟုတ်ဘဲ သားကိုပါဂရုစိုက်ပေးလို့ "

      " ရပါတယ် သားရယ် "

      ရှောင်းချင်းချန်တစ်ယောက် သူ့လည်တိုင်မှာနေရာယူသွားတဲ့ အနီရောင်ကြိုးနဲ့ကြာပန်းပုံလော့ကတ်အဆောင်လေးကို တော်တော်လေးသဘောကျနေမိသည်။ဆွဲကြိုးလေးဆွဲလိုက်တော့မှ သူ့စိတ်တွေပိုပြီးလန်းဆန်းသွားလို ခံစားလိုက်တာအမှန်။လော့ကတ်ဆီမှရနေတဲ့ ရနံ့လေးကလည်းသင်းသင်းလေးနဲ့ တကယ်ကိုစိတ်ကြည်သွားတာ လက်မခံလို့မရဘူး။မေဟွားကတော့ လော့ကတ်လေးကိုကိုင်ပြီး ပြုံးနေတဲ့သူမရဲ့သားငယ်ကိုကြည့်ပြီး မေးလိုက်တယ်။

      " သား သဘောကျလား "

      " ကျတယ် မာမား။ဒါနဲ့လေ သူ့ရနံ့လေးကတစ်မျိူးလေးနော် "

      " ဟုတ်တာပေါ့..ဒါဟာ ဖိုးဖိုးစုဆောင်းထားတဲ့သက်တမ်းရင့် စန္ဒကူးသားကနေရတာလေ။ဒီကုမုဒြာကြာပန်းပုံလေးကို ပုံဖော်ပြီးလည်ဆွဲအဖြစ်လုပ်ပေးဖြစ်တာက ခုသားရနေတဲ့စန္ဒကူးနံ့လေးကြောင့် စာလုပ်ချိန်မှာစိတ်တည်ငြိမ်နေနိုင်တယ် "

Under The Influence __ UTI { Completed }Where stories live. Discover now