UTI __ 6 __ U & Z

7.1K 395 66
                                    

    ဖက်တွယ်ထားမိတဲ့ ခါးကျယ်ကျယ်...

    ရင်ဘက်နဲ့ကပ်ထားမိတဲ့ ကျောပြင်နွေးနွေး...

    မေးတင်ထားမိတဲ့ ပုခုံးပြေပြေလေးဟာ မောင်ပါ...

    မောင် ဆိုတဲ့အသိစိတ်လေးတစ်ခုနဲ့တင် ရင်ထဲသိမ့်ကနဲတုန်ရတဲ့အထိ စွဲလန်းမိပါရဲ့...

    ရင်ထဲကမောင့်ကို ထုတ်မချစ်ရဲသေးတဲ့အချိန်မှာ တိတ်တိတ်လေးခိုးချစ်နေရတာကလည်း မောင်နဲ့ပတ်သတ်တဲ့ ရင်ခုန်လှိုက်မောမှုတစ်ခုပါပဲ။

    နှလုံးသားနဲ့ရင်းပြီးမြတ်နိုးသော်လည်း စည်းတွေ၊ဘောင်တွေချိူးပြီး မချစ်လိုဘူး မောင်။အလှမ်းဝေးလွန်းတဲ့မောင်ဟာ ငါ့ရဲ့အမြင့်ဆုံးကပန်းသဇင်ဆိုတာ သိနှင့်ထားတော့တစ်ကိုယ်ကောင်းဆန်မှုကို ရှေ့တန်းမတင်ရက်တာ ငါ့အပြစ်ပါ။မောင်ဟာ ငါ့ကိုချစ်ကြောင်းယုံကြည်ထားပေမဲ့ မောင့်သိက္ခာနဲ့မိသားစုအာဏာတွေကို ငါဂရုစိုက်နေမိလို့ပါမောင်ရယ်။

    သူတို့ဆိုင်ကယ်ကြီး Hair Salon ရှေ့ကိုရပ်တယ်ဆိုရင်ပဲ ဆိုင်ထဲကဆံသ ဆရာလေးတွေဟာ တိုးဝှေ့ကြိုဆိုကြတယ်။သူတို့ဆိုင်ကိုလာတဲ့သူဟာ ဝမ်ရိပေါ်ဆိုတာသိတော့ အလုအယက်ညှပ်ပေးချင်ကြတာပေါ့။ရိပေါ်က အားလုံးကိုပြုံးပြပြီး ရှောင်းကျန့်လက်ကလေးကိုဆွဲကာ ဆိုင်ထဲဝင်ခဲ့လိုက်တယ်။

    " မဂ်လာပါ ဝမ်သခင်လေး..။ဘယ်လိုပုံစံလေး ပြောင်းချင်လို့လည်းခင်ဗျ "

    ဆိုင်ရဲ့ခေါင်းဆောင်ဆရာဖြစ်ပုံရတဲ့ တစ်ယောက်ကရိပေါ်ကိုမှန်ရှေ့က ထိုင်ခုံရှိရာကိုညွှန်ပြရင်း မေးလာတယ်။ဒါပေမဲ့ရိပေါ်ကတော့ ဧည့်ထိုင်ဆိုဖာမှာ အရင်ဝင်ထိုင်ပြီးရှောင်းကျန့်ကိုလည်း သူ့ဘေးမှာထိုင်စေတယ်။ဆံသဆရာချောချောလေးတွေဟာ ရိပေါ်နဲ့ရှောင်းကျန့်အကြောင်းကို သိတဲ့သူကသိနေပြီးသားတွေမို့ အခြေနေကိုစောင့်ကြည့်နေကြလေရဲ့။

    " မောင့်ရှောင်း...မောင့် ဆံပင်ကို ဘယ်လိုညှပ်ရင်ကောင်းမလည်း "

    " မင်း အမွှေးကို မင်းကြိုက်သလိုညှပ်ပေါ့ "

    " ဟာဗျာ..မောင့်အမွှေးကို မောင်ကြိုက်သလိုညှပ်တာ ထားပါတော့။ပြီးလို့ရှိလို့ရှိလို့ရှိရင် မောင့်စိတ်ကြိုက်ညှပ်လိုက်တဲ့ မောင့်အမွှေးကို မောင့်ရှောင်းကမကြိုက်ရင် ဘယ်လိုလုပ်မလည်း "

Under The Influence __ UTI { Completed }Where stories live. Discover now