UTI __ 32 __ U & Z

4.8K 249 81
                                    

       ရောင်းသူ၊ဝယ်သူရယ်လို့မရှိတော့ဘဲ ခြောက်ကပ်နေတဲ့ဆိုင်ကလေးထဲ လျှောက်ကြည့်နေတဲ့ကောင်လေးတစ်ယောက်ရှိတယ်။

       သူအရင်က ဒီဆိုင်ကလေးမှာကျင်လည်ခဲ့ဖူးပေမဲ့ အခုဆိုမရောက်တာအတော်လေးကြာခဲ့ပြီ။အိမ်ထောင်ဦးစီးက ပိတ်ပင်ထားတာလည်းပါသလို သားလေးမွေးလိုက်တော့ သူ့အနေနဲ့ဒီဆိုင်နေရာလေးဆီလာဖို့ ပိုပြီးအလှမ်းဝေးသွားလေတယ်။

       ကော်ဖီဖျော်ကောင်တာလေးကိုဝင်မိတော့ အတိတ်ကဒီနေရာလေးမှာ ချစ်ရသူမောင်နဲ့နို့ဆီဗူးတွေအတူဖောက်ပြီး ကော်ဖီခွက်လေးတွေအတူဆေးခဲ့ဖူးသည်။သူဌေးသားလေးမောင်က သူ့ကိုချစ်တဲ့စိတ်တစ်ခုထဲနဲ့ ပတ်ဝန်းကျင်ကိုတောင်ဂရုမစိုက်ဘဲ သတင်းစုံ၊မီဒီယာစုံမှာပါခံပြီး သူ့ထံပါးမှာမွေ့ပျော်ခဲ့ရှာတာ။

       သူ့ဆီက အချစ်ကိုရဖို့ဘာပဲလုပ်ရလုပ်ရ အလုံးစုံဖြည့်ဆည်းပေးမဲ့သူမို့ အတော်လေးလည်းခေါင်းမာတယ်လို့ ပြောလို့ရတယ်။ဆိုင်ထဲလာသမျှလူနဲ့ သဝန်တွေတိုပြီးလူကြားထဲမှာ စိတ်ရှိလက်ရှိနမ်းတတ်တဲ့လူဆိုးလေးဟာ ခုတော့သူ့ယောကျာ်းဖြစ်နေခဲ့ပြီ။လူချော၊လူသန့်လေးကို ပိုင်ဆိုင်ခွင့်ရထားတဲ့သူဟာ တကယ်ကိုကံကောင်းတဲ့သူပဲ။

       " မောင့်ရှောင်း ဘာတွေပြုံးနေတာလည်း "

       " သြော် လူဆိုးလေးကို သတိရသွားလို့ "

       " မင်းနော်..အဲ့ဒါတွေကြောင့် မောင်ကလိုက်မပို့ချင်တာ။မင်းက ဒီကိုရောက်ရင်အတိတ်ကဟာတွေးပြီး မောင့်ကိုမေ့မေ့သွားတာမလား "

        သားကိုချီပြီးဆိုင်ထဲလိုက်ဝင်လာတဲ့မောင် က ဦးအောင်ရန်တွေ့ပါတယ်။အရင်တစ်ခေါက်ကလည်း သူမဟုတ်တဲ့အတိတ်ကလူကို သတိရနေပါတယ်ဆိုပြီး စွပ်စွဲသေးတယ်။ခုလည်း ထိုနည်းတူစွာလုပ်နေပြန်ပြီ။ရှောင်းကျန့်ရင်ထဲမှာ ဘာတွေးနေလောက်မလည်းဆိုတာ မောင်မသိဘဲတော့မနေလောက်ပါဘူး။

        " ကိုယ့်ယောကျာ်းကို မေ့စရာလားကွ။ငါတွေးနေတာက အရင်တုန်းကမင်းဆိုးခဲ့တာတွေကိုပါ။ပြီးတော့ တွေ့မရှောင်နမ်းတတ်တဲ့မင်းနုတ်ခမ်းလေးကို လွမ်းလို့ "

Under The Influence __ UTI { Completed }Hikayelerin yaşadığı yer. Şimdi keşfedin