UTI __ 12 __ U & Z

6.8K 351 34
                                    

" မောင်.."

" ဟင်! ! ..ဗျာ အချစ် "

ရှောင်းချင်းချန်ဟာ မိမိလက်ကလေးတွေကိုဆုပ်ကိုင်ပြီး ကန်ရေပြင်ကိုငေးကြည့်ကာ တစ်ခုခုကိုတွေးနေပုံရတဲ့ ဝမ်ဟောက်ရွှမ်းကိုခေါ်လိုက်မိတယ်။သို့သော်လည်း အတွေးလွန်နေတဲ့ဟောက်ရွှမ်းဟာ အလန့်တကြားပြန်ထူးရင်းက ကြည့်လာပါတယ်။

" အဲ့လောက်ထိ ဘာတွေတွေးနေရတာလည်း မောင်ရယ် "

" သြော်...အစ်မအတွက် စိတ်ပူသွားလို့ပါကွာ။သူ့ကို လွှတ်ထားလို့မဖြစ်ဖူးဆိုတာ တွေးမိသွားလို့ "

" မောင်ရယ်..ဝမ်ချင်းက ကလေးမဟုတ်ရတော့ပါဘူး။သူ့မှာလည်း စဥ်းစားညဏ်ရှိပါတယ် "

" ကလေးမဟုတ်တော့လို့ စိတ်ပူတာ။သူက တစ်စုံတစ်ယောက်အပေါ်မှာ ချစ်စိတ်ဝင်ပြီဆိုရင် အဲ့လူနဲ့ပတ်သတ်တာတွေကို အကုန်စုံစမ်းတတ်တယ်။ပြီးတော့ သူ့အပိုင်ဖြစ်ဖို့အတွက် အမျိူးမျိူးကြိုးစားတော့မှာ။မောင့် အစ်မအကြောင်းမောင်သိတယ် အချစ်ရဲ့ "

" ဟုတ်လို့လား မောင်ရဲ့။ဝမ်ချင်းက အတန်းတူစာသင်နေတဲ့ကိုယ့်ကိုတောင် အစ်ကို့ကိုစိတ်ဝင်စားပြီး ချစ်မိနေတယ်လို့ပဲဝန်ခံထားတာ "

" မောင်နဲ့က တစ်ဝမ်းထဲအတူထွက်ထားတာလေ ခင်ဗျားရဲ့။သူ့အကြောင်းမောင်အသိဆုံးမို့ ဝမ်ရိပေါ်နဲ့ရှောင်းကျန့်ရဲ့ မဂ်လာသတင်းကိုသူကြားရင် ရှော့ခ်ရပြီးထင်တိုင်းကြဲနိုင်တယ်။မောင်ကြောက်တာက မဂ်လာပွဲကိုရတဲ့နည်းနဲ့ဖျက်စီးရေး လုပ်မှာကိုပဲ "

ဝမ်ဟောက်ရွှမ်းရဲ့စကားကြောင့် ရှောင်းချင်းချန်တစ်ယောက် တော်တော်လေးစိတ်ပူသွားရသည်။သာဘာဝကိုလွန်ဆန်ပြီး အရဲစွန့်ကာလက်ထပ်ဖို့ပြင်ဆင်နေတဲ့ အစ်ကိုဖြစ်သူအားဘေးလူကြောင့် ထပ်ပြီးစိတ်မညစ်စေလိုပါ။ဝမ်ရိပေါ်လိုလူမျိူးရဲ့ လက်ထဲကိုယုံကြည်စိတ်ချစွာ အပ်နှံထားချင်တာမှန်ပေမဲ့ လူတွေရဲ့ဝေဖန်ရှုံ့ချမှုတွေကြောင့် ရှောင်းကျန့်စိတ်ညစ်နေမှာကိုလည်း မလိုလားပြန်ဘူး။

" အာ...အဲ့လိုလုပ်လို့မရဘူးလေ။အစ်ကိုက ခုလက်ထပ်တာတောင် သူစိတ်ပါလွန်းလို့မဟုတ်ဖူး မောင်။လက်မထပ်လို့ဖြစ်တော့တဲ့ အခြေနေထိနေပြီးသွားတာမို့ ခုလိုမျိူးအမြန်လက်ထပ်လိုက်ကြတာ။အဲ့ဒါကြောင့် ကိုယ့်အနေနဲ့အစ်ကို့ကိုထပ်ပြီး စိတ်ဖိစီးတာမျိူးတွေ မဖြစ်စေချင်ဘူးမောင်ရယ် "

Under The Influence __ UTI { Completed }Hikayelerin yaşadığı yer. Şimdi keşfedin