UTI __ 25 __ U & Z

5.9K 344 84
                                    

    "  ရှောင်းကျန့်ကိုယ်ဝန်ဆောင်ချိန် ရှစ်လကျော်လို့ကိုးလရောက်ခါနီးအချိန်တစ်ခုမှာပေါ့။

Wang Group ရဲ့ CEO တစ်ဖြစ်လည်းဥက္ကဌဝမ်တစ်ယောက် အလုပ်တွေသိမ်းလုပ်နေချိန်ဖြစ်တယ်။ဘာကြောင့်လည်းဆိုရင် သူ့ရဲ့ချစ်လှစွာသောအိမ်လ၊င်အိမ်သားလေးက မွေးတော့မည်ဖြစ်တာကြောင့်ပါ။သူ့အလုပ်ချိန်က ဒီနေ့မနက်နောက်ဆုံးဖြစ်သလို ရှောင်းကျန့်ကလည်းဗိုက်ပူလေးဘဝနဲ့ ဒီညနောက်ဆုံးနေရမှာပါ။တနလ်ာနေ့ကုန်ပြီး အဂါ်နေ့ကူးကူးချင်းမှာမွေးမှာမို့ နေ့ကောင်းနေ့မြတ်ကို သေချာတွက်ဆထားပြီးသားပင်။

" ယွီပင်းရေ ဟောက်ရွှမ်းကယွမ် 10 သန်းတောင်းရင် သူ့ Black Card ထဲကိုထည့်ပေးလိုက်နော်။ရိုလာကိုစတာ စပြီးဆောက်တာဆိုတော့အရင်းအနှီးပိုလိုတယ်။ပြီးတော့ ရှယ်ယာဝင်နှစ်ယောက်ငွေတွေရှယ်ယာထည့်ပြီးပြီလား "

" အင်း ထည့်ပြီးပြီရိပေါ်။မနေ့ကပဲ တစ်ယောက်ကိုဒေါ်လာတစ်သန်းစီ လွှဲပေးတဲ့ချက်လက်မှတ်တွေရတယ် "

" အေးပါ အလုပ်ကိုသေချာဂရုစိုက်ဖို့ မမှာတော့ပါဘူး။မင်းကိုယုံကြည်တာမို့ ငါအိမ်သားလေးနဲ့ငါ့ကလေးကိုပဲ ဂရုစိုက်တော့မယ်ကွာ "

" အေးပါ မနက်ဖြန်မှပဲနေ့လည်ပိုင်းလောက် ငါနဲ့ဟောက်ရွှမ်းလာခဲ့မယ်။မနက်ပိုင်းတော့ အလုပ်တွေလက်ဆသပ်ခဲ့ဦးမယ်လေ "

" အင်း အဲ့ဒါဆိုငါသွားတော့မယ်။နေ့လည်နှစ်နာရီဆေးရုံကို ရောက်အောင်သွားရမှာ "

" သွားတာလည်းသွားပါ။ငါမင်းအတွက် နေ့လည်စာမှာပေးထားတယ်။အဲ့ဒါစားပြီးမှသွား "

" အာ အေးပါကွာ။အဲ့ဒါဆို စားပြီးမှသွားလိုက်မယ် "

" အေးအေး "

ယွီပင်းကိုနုတ်ဆက်ခဲ့ပြီး ရုံးခန်းထဲကနေထွက်လာခဲ့လိုက်တယ်။နားနေခန်းဆီဝင်ပြီး ယွီပင်းမှာပေးထားတဲ့နေ့လည်စာကို ခပျသှကျသှကျစားကာကုမ်ပဏိီရှေ့မှာရပျထားတဲ့ကားဆီကို အမြန်လာပြီးသုတ်ခြေတင်၍မောင်းထွက်ခဲ့တော့၏။ရင်ဘက်ထဲကအပူမီးက မိမိကိုယ်တိုင်ထက်ခင်ပွန်းငယ်နှင့်မကြာမှီလူ့လောကထဲရောက်လာတော့မည့် သားငယ်လေးအပေါ်၌သာ စိုးရိမ်စိတ်ကြောင့်ဖြစ်တည်နေသည်။ဖခင်တစ်ယောက်ဖြစ်လာတော့မည်ဟု တွေးဆမိတော့အပြုံးချိူချိူလေးက ဝမ်ရိပေါ်ရဲ့နုတ်ခမ်းထူထူထက် ပုံဖော်ဖန်တီးမိပြီးလျက်ပါ။

Under The Influence __ UTI { Completed }Where stories live. Discover now