​UTI __ 36 __ U & Z

5.3K 246 88
                                    

        လောက ကြီးမှာ မပိုင်ဆိုင်ရပါဘဲနဲ့ အလှကြည့်လို့မထိရက်မကိုင်ရက်ခဲ့တဲ့ အရာတွေများစွာရှိကြမှာပါ။

        ပန်းကလေးတွေမှ မဟုတ်ဖူး။အရာဝတ္ထုပစ္စည်း တွေမှမဟုတ်ဖူး။လူသားအချင်းချင်းမှာလည်း မြတ်နိုးစွာနဲ့နုနုယွယွထားကြတဲ့သူတွေ ထုနဲ့ဒေးပါလေ။အဲ့ထဲမှာ​တော့ အဂ်လိပ်တရုတ်ကပြားလေး မိုက်ကယ်ဟာထိပ်ဆုံးကပါလိမ့်မယ်။

        ကိုယ်ပိုင်အစွမ်းအစနဲ့ ငွေကြေးအရာရာပြည့်စုံနေသော်ငြားလည်း အချစ်ရေး၊အချစ်ရာမှာ​တော့ သူမတူအောင်အရှူံးကြီးတယ်။သူချစ်ပေးသလောက် ပြန်မရတဲ့ဘဝမှာရှင်သန်လာတာကြာတော့ သူ့ကိုယ်သူအားမရတော့ဘဲ သူချစ်ကိုရဖို့နောက်ဆုတ်ချင်လာတယ်။မျှော်လင့်ချက်တွေ ရေစုန်မျှောခဲ့ပြီးမှတော့ ဘယ်အရာကိုမှဆွဲမထားချင်တော့ဘူး။အဲ့ဒါက ကိုယ်တိုင်လည်းပင်ပမ်းရသလို၊တစ်ဖက်လူလည်း စိတ်ပျော်ရွှင်ရမှာမဟုတ်ဖူးလေ။

         " ရှင် တကယ်ပဲ US ကိုအပြီးပြန်တော့မလို့လား။ကျွန်မ ကိုဒီတိုင်းပစ်ထားခဲ့ပြီးတော့လေ "

         ဝမ်ချင်းရဲ့မေးခွန်းက ရိုးရှင်းနေပေမဲ့ မိုက်ကယ့်အတွက်တော့ဖြေရခက်သည်။သူ့အနေနဲ့ သူမကိုခွဲခွာပြီးထားခဲ့ဖို့က တစ်ခါမှမတွေးခဲ့ဖူးသည့်အရာ။ထို့အတူ ဝမ်ချင်းကိုချစ်ခဲ့ပြီးနောက်ပိုင်း သူဟာသူ့ကိုယ်ပိုင်အချိန်ထက် သူမအတွက်သာပိုပိုသာသာနဲ့ အချိန်ပေးပြီးတွေးပေးတတ်ခဲ့သူမို့ ဝမ်ချင်းနဲ့ဝေးရာကိုသွားဖို့ အများကြီးကြိုးစားရဦးမယ်။ဒါပေမဲ့ သူ့နုတ်ကထွက်ကျလာတဲ့ စကားလုံးတွေက​တော့..

         " ဟုတ်တယ် ဟန်နီ။ကိုယ့်မှာ ရွေးချယ်စရာမရှိဘူး။ပြီးတော့ ကိုယ့်ပါပါးဘက်ကအဖွားက ပြန်ခေါ်နေပြီ။ကိုယ့်မှာ ဆွေမျိူးရင်းချာဆိုလို့ အဖွားပဲရှိတော့တာ။အဲ့တော့ ကိုယ်အဲ့ကိုသွားမှဖြစ်မယ် "

         " မဟုတ်သေးဘူးလေ.. ကျစ်! .. ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလည်း။ရှင်.. ရှင် ပြောတော့ ကျွန်မကိုချစ်တယ်ဆို။ကျွန်မ မရှိရင်မနေနိုင်ဘူးလို့ ရှင်ပဲပြောခဲ့တာ "

Under The Influence __ UTI { Completed }Where stories live. Discover now