UTI __ 5 __ U & Z

7.9K 451 80
                                    

    ဝမ်ဟောက်ရွှမ်းရဲ့ကားလေး သူတို့မြင်ကွင်းကပျောက်သွားတော့မှ ရှောင်းကျန့်ဟာ ငူငူလေးကျန်ရစ်ခဲ့တဲ့ ရှောင်းချင်းချန်ရဲ့ဘေးနားလေးကို ဝင်ထိုင်လိုက်တယ်။ကျောပြင်လေးကိုပွတ်သပ်ပေးပြီး လှုပ်ရှားနေတဲ့စိတ်အစဥ်ကို လျှော့ချပေးမိတယ်။

     " ဘာမှ မစိုးရိမ်နဲ့ချင်းချန်။ဒါက ပထမဆုံးမို့ပါ။ငါ့ကို ရိပေါ်ဖွင့်ပြောတုန်းကလည်း မင်းလိုပါပဲ။မင်းကတော်သေးတယ်..ငါ့တုန်းကဆို ရှက်လွန်းလို့သေမတတ်ပဲ "

     ရှောင်းကျန့်ပြောတာကြားတော့ ဝမ်ရိပေါ်ကြီးကပြုံးပြုံးကြီးလုပ်လို့။ရှောင်းကျန့်ကို သူ့ဘက်ကနေချစ်တယ်လို့ ပြောခဲ့တုန်းကဆိုမျက်လုံးလေးပြူးပြီး ခန္ဓာကိုယ်လေးတစ်ဆက်ဆက်တုန်လို့ရယ်။တစ်လလောက်ကို ရိပေါ်နဲ့မျက်နှာချင်းမဆိုင်ဘဲ ရှောင်နေခဲ့တဲ့အထိ။အဲ့လောက်ကို အရှက်ကြီးတာ။

    " ဟင်းးးး...မကြုံဘူးတာကြီးဆိုတော့ ငါတကယ်ခံနိုင်ရည်မရှိဘူး အစ်ကို။သူ ဘာလို့ငါ့ကိုချစ်ရတာလည်းမသိဘူး " 

    "ဒါကတော့ သူမြတ်နိုးရာဆိိိီကိုပဲ နှလုံးသားကိုဦးစားပေးလို့ပေါ့ "

    " ငါ သူ့ကိုမချစ်ရဲဘူး အစ်ကို "

    မျက်နှာလေးညိုးငယ်သွားတဲ့ ရှောင်းချင်းချန်ကိုကြည့်ပြီး စိတ်မကောင်းနိုင်ဘူး။ဖူးစားရေးနတ်မင်းဟာ နှစ်ယောက်ထဲရှိတဲ့ဒီညီအစ်ကိုလေးကို လက်တွဲဖော်အဖြစ်ရွေးချယ်ပေးခဲ့တာက လိင်တူယောကျာ်းလေးတွေတဲ့။နတ်မင်းကြီးကြိုးအချည်လွဲပြီး မျက်စိလည်သွားပုံပါပဲ။ရှောင်းညီကိုအတွက်ကို ဆိုးပေပေဂျစ်ကန်ကန်နိုင်တဲ့ လူဆိုးလေးနှစ်ယောက်အား ဖူစာဖက်ဖြစ်စေခဲ့သည်။ကြုံမှ နတ်မင်းကြီးကို မျက်မှန်ဝယ်ပေးရဦးမယ်။

    " ကဲပါ...ဘာမှမတွေးနဲ့တော့။ခု စိတ်အဆင်မပြေဘူးမလား။အိမ်ပြန်နားလိုက်တော့..ဒီနေ့အတန်းတွေဖျက်လိုက် "
 
    " မင်းတစ်ယောက်ထဲ ဖြစ်နေမှာပေါ့ "
   
    " အမ်...ငါက ဘာကြီးတုန်း "

    " အာ..ဟုတ်သားပဲ။ရိပေါ်ရှိနေတာကို ငါမေ့သွားတယ် "

    ကြားဖြတ်ပြောလိုက်တဲ့ရိပေါ်က သူကိုယ်သူလက်ညိုးပြန်ထိုးလို့ မေးခွန်းထုတ်ခဲ့တယ်။စိတ်လှုပ်ရှားမှုတွေများသွားတဲ့ ရှောင်းချင်းချန်ဟာသူ့ဘေးနားက အရာတွေကိုတောင်မေ့သွားရတဲ့အထိ ဝမ်ဟောက်ရွှမ်းရဲ့လွှမ်းမိုးမှုကို ခံလိုက်ရပုံပါပဲ။

Under The Influence __ UTI { Completed }Where stories live. Discover now