UTI __ 10 __ U & Z

8.1K 366 130
                                    

    " မား ကဘာရယ်နေတာလည်း "

    " မရယ်ပါဘူး သားရဲ့ "

    " မရယ်လို့သာပဲ..မား မျက်နှာကြီးကပြုံးစိစိနဲ့လေ။ကိုယ့်သားလေး အလိုမတူဘဲမုဒိမ်းကျင့်ခံရတာကို ပြုံးနိုင်သေးတယ်နော်..အံ့သြဘ "

    " အောင်မလေး ငါ့သားရယ်။အလိုမတူဘဲတောင် အကျင့်ခံလိုက်ရသေးတယ်။မင်း သားဝမ်ကိုမချစ်တာလည်းမဟုတ်ဘဲနဲ့ "

    " ဟမ်! ! ဘယ်နားမှာချစ်လို့လည်း။သား သူ့ကိုအဖြေတောင်မပေးရသေးတာကို "

    ရန်ပြန်တွေ့နေတဲ့သားကိုကြည့်ပြီး ရှောင်းမေဟွားတစ်ယောက် ပြုံးပြီးရင်းပြုံးနေရတော့သည်။ရှောင်းကျန့်က ရိပေါ်ကိုအောက်ကထားပြီး သူကလုပ်မယ်ဆိုလို့ရယ်ချင်နေပါတယ်ဆို ခုလိုမျိူးအလိုမတူတာတွေပြောလာတော့ ပိုလို့ရယ်ချင်သည်။

    ရိပေါ်ရဲ့ချစ်ခြင်းတွေ၊လွှမ်းမိုးနိုင်စားမှုတွေအောက်မှာ မိမိသားလေးဟာရုန်းမထွက်နိုင်မှန်း သူမ အသေအချာသိထားသည်။ချစ်နေလျက်နဲ့ ရိပေါ်မိသားစုရဲ့အနေအထားကို ကြည့်နေပြီးကလန်ကဆန်လုပ်ကာ အချစ်ဖူးဟုအပြတ်ငြင်းထားပေမဲ့လည်း ရှောင်းကျန့်ဟာရိပေါ်ရဲ့ရင်ခွင်မှာ ကျရှုံးခဲ့ရတာချည်းပင်။

    " အေးပါ အေးပါ..မချစ်ဖူးဆိုလည်းထားပေးမယ်။ဒါပေမဲ့ အတူနေပြီမှတော့ယူရတော့မယ်ဆိုတာ မမေ့နဲ့ "

    " ဟာ...ဒီသားလေးပဲရှိတာကို မားကသူများကိုပေးဖို့ပြင်နေတာပေါ့ "

    " မပေးဘဲနေလို့မှ မရတော့တာကွယ် "

    " ဒီသားမိတွေ ဘာတွေပေးနေကြတာလည်း "

    ကျောင်းယူနီဖောင်းအပြည့်စုံနဲ့ ထမင်းစားခန်းထဲဝင်လာတဲ့ရှောင်းချင်းချန်က အစ်ကိုနဲ့အမေဖြစ်သူပြောနေတာကို မေးခွန်းထုတ်လာတယ်။ကျောင်းဖွင့်ရက်ပေမဲ့ ဆိုင်သွားဖို့ရာဘာမှမပြင်ဆင်ရသေးတဲ့ အစ်ကို့အားကြည့်မိရာက လည်တိုင်လေးဆီမှအညိုအမဲကွက်တွေကို တွေ့တော့ချင်းချန်စိတ်ထဲ တစ်မျိူးခံစားသွားရသည်။

    " လာ သားငယ်...မင်းအစ်ကိုက ရိပေါ်နဲ့မယူချင်ဘူးလုပ်နေလို့ "

Under The Influence __ UTI { Completed }Where stories live. Discover now