UTI __ 27 __ U & Z

5.4K 279 113
                                    

" သားငယ်လေး ဒယ်ဒီ့သားသားလေးဟုတ်လား..ဒယ်ဒီ့သားလေး..နိုးနေပြီလား.. အို..ကလေးလေးက "

" အဲ့..အယ်..အဲ့.."

" ဟုတ်သားပဲ ကလေးက..စကားတွေပြန်ပြောချင်နေတာ..သားလေး "

နေ့လည်ဘက်ပြန်နိုးကာ ရေချိူးပြီးပြန်ထွက်လာတဲ့ရှောင်းကျန့်ဟာ သူ့နောက်မှာနိုးနေကြပြီဖြစ်တဲ့သားဖနှစ်ယောက်ရဲ့ တီတီတာတာပြောနေသံလေးတွေကြောင့် ပြုံးမိသွားတယ်။အဖေဖြစ်သူကမြူ သားဖြစ်သူကလက်ကလေးတကားကားနဲ့ တအဲ့အဲ့ပြန်ပြောနေတာ။နှစ်လကျော်အရွယ်လေးဟာ အနည်းငယ်ပြုံးတတ်နေပြီး အဲ့အဲ့သံလေးတွေပြန်ပေးတတ်နေပြီဖြစ်သည်။ရှောင်းကျန့်က သူ့ကိုယ်တိုင်အဝတ်စားတွေဝတ်ပြီးမှ ထိုသားဖအနားသွားကာယောကျာ်းအား ရေချိူးဖို့နှိုးဆော်ရတော့သည်။

" မောင်ရေ သားကိုခဏထားခဲ့ပြီးရေချိူးဖို့လုပ်တော့လေကွာ။အောက်မှာ ယွီပင်းတောင်ရောက်နေပြီလားမသိဘူး "

" ဟုတ်ပါပြီဗျာ "

" မြန်မြန်ချိူးနော် မောင် "

" အင်း ပြီးပြီ "

စ နောက်ကာရေချိူးခန်းဝင်သွားတဲ့မောင့်ကို မျက်စောင်းလှမ်းထိုးမိသေးသည်။ကုတင်ပေါ်မှာပက်လက်ကလေးနဲ့ ခြေထောက်လေးတွေမိုးပေါ်ထောင်နေတဲ့ ဝမ်စောအော်လေးကိုအဝတ်လဲပေးဖို့ အနားသွားတော့ အံမယ်..သူကမမြူရသေးဘူးပြုံးပြုံးလေးလုပ်လို့။

" သားလေး.. သဘောကောင်းပါလားကွ မမြူလည်းပြုံးနေတာပဲနော်။ဝါးးး သားသားလေး "

" ခစ်..အဲ့..ခစ်ခစ်.."

" ချစ်ဖို့ကောင်းလိုက်တာ သားရယ်။ပါပါး ကလေးလေးက လိမ္မာတဲ့ကလေးလေး။အဝတ်တွေလဲရအောင်နော် "

ဝမ်စောအော်လေးကို အဝတ်စားနဲ့ဒိုက်ဘာလေးတွေလဲလို့ ပြီးလောက်မှရိပေါ်ကရေချိူးခန်းထဲက ထွက်လာတယ်။တံဘက်တစ်ထည်နဲ့ခန္ဓာကိုယ်က ရေတွေကိုသုတ်ပြီးသူတို့ဆီလျှောက်လာပြန်သည်။ရှောင်းကျန့်ပါးလေးကို လှစ်ကနဲနမ်းရင်းပြုံးပြုံးကြီး လုပ်နေတဲ့ရိပေါ်ကိုမျက်စောင်းလေးနဲ့မော့ကြည့်လိုက်တာ ရှောင်းကျန့်ပါ။

Under The Influence __ UTI { Completed }Where stories live. Discover now