UTI __ 23 __ U & Z

6K 300 155
                                    

ဒီနေ့က ရှောင်းချင်းချန်ရဲ့စာမေးပွဲပထမဆုံးနေ့မို့ မိသားစုတွေအကုန် ကျောင်းထိလိုက်ပို့ပေးဖြစ်တယ်။အရင်နေ့တွေကလည်း နေ့ရောညပါစာတွေကုန်းလုပ်ထားတော့ ပင်ပမ်းနေတာမို့ချင်းချန်အားရှိအောင် ရိပေါ်ပါလိုက်ပြီးပို့ပေးခဲ့တာ။စာမေးပွဲတွင်း ကျောင်းပိတ်ချိန်ရောက်တော့မှာမို့ ကျောင်းထဲကစိမ်ပန်းနီနီတွေကလည်း အဖူးတွေဝေစ ပြုနေပြီး တစ်ချိူ့ဆိုပွင့်တောင်ပွင့်နေကြပြီ။

" အာ မောင်ရေ...ကိုယ် အိမ်မှာပေတံမေ့ခဲ့ပြီ "

" အယ် အချစ်ရယ်...ညက မောင်အကုန်ထည့်ပေးထားတယ်လေကွာ။ဘယ်လိုကျန်ခဲ့ရတာလည်း "

" ဟုတ်တယ် မနက်ကစာပြန်နွှေးရင်း ကျန်ခဲ့တာဖြစ်မယ် "

" ခဏလေး မောင်သွားဝယ်လိုက်မယ် "

" မောင်သွားတော့ ဘယ်သူက ကိုယ်နဲ့လိုက်ပြီးခုံနံပါတ်ရှာကူမှာလည်း မောင်ရဲ့ "

အိမ်မှာပေတံကျန်ခဲ့တဲ့ ရှောင်းချင်းချန်တစ်ယောက်တိုင်ပတ်နေပါပြီ။ကျောင်းသားဦးရေများတာကြောင့် ကိုယ့်ခုံနံပါတ်နဲ့ကိုဖြေရမဲ့စာမေးပွဲမှာ ကိုယ်နေရာကိုလိုက်ရှာရဦးမည်။ထို့ကြောင့် တစ်ယောက်ထဲရှာနေရင်တော့ လွယ်လွယ်တွေ့မှာမဟုတ်တာကြောင့် တစ်ယောက်ကတော့ကူရှာပေးသင့်သည်။

" အဲ့ဒါလည်း ဟုတ်သား "

" ဘာတွေဖြစ်နေကြတာလည်း မင်းတို့နှစ်ယောက်က "

" အေး ရိပေါ်,မင်းလာတာနဲ့အတော်ပဲ။ငါ့အချစ်က အိမ်မှာပေတံကျန်ခဲ့လို့ကွာ။ငါကလည်း သူ့ကိုခုံနံပါတ်ရှာကူရဦးမှာမို့ မင်းသွားဝယ်ပေးနိုင်မလား "

" သြော် အဲ့ဒါများ ရပါတယ်ကွ။ပေတံပဲလား..တစ်ခြားဘာလိုသေးလည်း "

" ပေတံပဲ ရိပေါ်။ကျန်တာ ငါ့မှာအကုန်ပါတယ် "

" အေးပါ "

" အဲ့ဒါဆို ငါတို့သွားမယ်နော်။နံပါတ်တွေတာနဲ့ ဒီနေရာကိုပြန်လာခဲ့မယ် "

" အင်း အင်း "

အပြောတစ်ပိုင်းနဲ့ချင်းချန်ကိုလက်ဆွဲကာ ဝမ်ဟောက်ရွှမ်းထွက်ခွာသွားသည်။ရိပေါ်လည်း စိမ်ပန်းနီနီပင်ကြီးအောက်က ခုံတန်းလေးမှာမားနှစ်ယောက်နဲ့အတူထိုင်နေတဲ့ ရှောင်းကျန့်ရှိရာကိုပြန်လာပြီး အသိပေးရသည်။

Under The Influence __ UTI { Completed }Where stories live. Discover now