UTI __ 1 __ U & Z

18.1K 816 88
                                    

         ဆုတောင်းကောင်းခဲ့လို့ သိပ်ပြီးလှရက်တာလား မောင့်ရှောင်းရယ်...

         မင်းကတော့ ပုံမှန်လေးနေတာပါပဲ။

         အဲ့ ပုံမှန်လေးကိုမှ Gravity အပြင်ဘက်ရောက်နေသလိုမျိူး သတိလက်လွတ်ကို မောင်ကရူးသွပ်နေမိတာ။ပါးချိူင့်ရေးရေးပေါ်အောင် မင်းပြုံးရယ်လိုက်တဲ့အခါ မောင်က မင်းပါးချိူင့်လေးရဲ့မူပိုင်ဖြစ်ချင်တယ်။

         သွားကြီးလေးပေါ်အောင်ထိ ပေါ်လွင်တဲ့အပြုံးကို မင်းဖန်တီးတဲ့အခါ ထိုအပြုံးလေးမှီတည်ရာ နုတ်ခမ်းပါးလေးကိုရော မောင်က ထာဝရနမ်းခွင့် ရချင်တယ်။

         မင်းရဲ့အရာရာကို မောင်ပိုင်တယ်...

         မင်း တစ်ဘဝလုံးကို လွှမ်းမိုးထားချင်တယ်...

         အလှဆုံးမျက်နှာလေးထက်က မျက်ဝန်းကြည်ကြည်လေးတွေက အရောင်တလက်လက်နဲ့ရယ်။မှဲ့နက်ကလေးအားဖြည့်ပေးထားတဲ့ နုတ်ခမ်းရဲရဲလေး ကွေးညွှတ်နေအောင်ပြုံးပြ ဆက်ဆံနေတာလေးကို မောင်တကယ်မနာလိုဘူးဗျာ။

         " မောင့်ရှောင်း "

         " ဟင်!  ဝမ်ရိပေါ် "

         ဆိုင်ရှေ့ကိုရုတ်တရက်ရာက်လာပြီး မောင့်ရှောင်းလို့ခေါ်ကာ လူကိုလည်းခါးကနေ ဆွဲပွေ့လိုက်တဲ့ရိပေါ်ကြောင့် ရှောင်းကျန့်လန့်ဖျပ်သွားရ၏။Uni ရှေ့မှာဖွင့်ထားတဲ့ကော်ဖီဆိုင်လေးမို့ ကျောင်းသူကျောင်းသားတွေကလည်း များသည်။တစ်ခြားအပြင်လူတွေလည်း လာကြတာမို့ဘာပဲပြောပြော ရှောင်းကျန့်ရဲ့ကော်ဖီဆိုင်လေးမှာ အမြဲတမ်းလူစည်နေတတ်သည်။ဒါကို အမှုမထားဘဲအရှက်မရှိ လူကိုလာဖက်နေတာကြီးကို ရှောင်းကျန့်တကယ်မနှစ်မြို့ပါဘူး။ဆိုင်ထဲရှိ လူတော်တော်များများရဲ့အကြည့်တွေကလည်း သူတို့နှစ်ယောက်ဆီရောက်နေကြပြီမို့ ရှောင်းကျန့်ဟာ ရိပေါ်ရဲ့လက်တွေကြားကနေ ရုန်းလိုက်မိတယ်။

         " လူတကာကို အဲ့လောက်ပြုံးပြချိူသာနေတာ ဘယ်သူ့ခွင့်ပြုချက်နဲ့လည်း ရှောင်းကျန့် "

         " မင်း ငါ့ကိုအရင်လွှတ်ပါ ရိပေါ်။ငါ့ဆိုင်လာပြီး မင်းထင်ရာလျှောက်လုပ်မနေနဲ့။ငါ့စီးပွားရေးနဲ့ငါ လူတိုင်းအပေါ်မှာဖော်ရွေတာကို မင်းလာပြီးအပြစ်ရှာလို့မရဘူးလေ "

Under The Influence __ UTI { Completed }Where stories live. Discover now