UTI __ 11 __ U & Z

7.2K 373 61
                                    

    အဲ...ဒီကနေ့တော့ အမောင်ရိပေါ်တစ်ယောက်ဟာဆိုရင်ဖြင့် တက်ကြွတဲ့ကြက်ဖကြီး ဖြစ်လို့နေသည်ပေါ့။

    အကြောင်းရင်းကိုပြောရမယ်ဆိုရင် သူ့ရဲ့ချစ်လှစွာသော အမျိူးသား၊သတို့သားလောင်းလေးကိုခေါ်ပြီး Wedding အတွက်ဝတ်စုံတွေ သွားကြည့်ရမှာကြောင့်ပင်။

    ထို့ကြောင့် မနက်အစောကြီးထပြီး ရေမိုးချိူးပြင်ဆင်ကာ ရှောင်းကျန့်ရှိရာမျက်နှာချင်းဆိုင်က တိုက်ကလေးဆီကိုအပြာရောင် YAMAHA ဆိုင်ကယ်အကြီးကြီးကိုမောင်းပြီး ထွက်လာခဲ့၏။အိမ်ခြံဝန်းအပြင်လေးမှာ ဆိုင်ကယ်ကိုဒေါက်ထောက်ရပ်ကာ အိမ်ထဲဝင်ခဲ့တော့ယောက္ခမကြီးနဲ့ ဦးဆုံးတွေ့တယ်။

    " မောနင်း ..အန်တီမေဟွား "

    " မောနင်းပါ သားရယ်။သွားကြတော့မလို့လား "

    " ဟုတ် အန်တီ.. သူ့ကိုလာခေါ်တာ "

    " အေးအေး... အရှက်ကဲလေးက ခုထိအခန်းထဲကမထွက်ရဲသေးဘူး။သွားခေါ်လိုက်အုံး "

    " ဟုတ်ကဲ့ အန်တီ "

    ရိပေါ်တစ်ယောက် ရှောင်းကျန့်ရဲ့အခန်းတံခါးလေးကို ဖွင့်ကြည့်မိတော့လော့ခ်ချထားတာ မဟုတ်လို့ အထဲကိုအသာဝင်လိုက်တယ်။မှန်ရှေ့မှာသူ့ကိုယ်သူ အနည်းငယ်ငြိုးငယ်နေတဲ့ မျက်နှာလေးနဲ့တွေတွေလေးစိုက်ကြည့်နေတဲ့ ရှောင်းကျန့်ကြောင့် ရိပေါ်စိုးရိမ်ပြီးအနားကိုသွားကာ ခါးလေးကိုနောက်ကနေ ပွေ့ဖက်လို့လည်တိုင်နုနုလေးကို ဖွဖွနမ်းလိုက်သည်။

    ခါတိုင်းဆို စိတ်ဆိုးပြီးအော်လွှတ်တတ်တဲ့ရှောင်းကျန့်က ခုတော့မအော်သေးဘဲရိပေါ်နမ်းလို့ရအောင် လည်တိုင်လေးကိုဖော်ပြီး ခေါင်းလေးစောင်းပေးထားသေးသည်။ဒီဟာလေး ဘာကြောင့်မငြင်းရလည်း ။

    " မောင့်ရှောင်းလေး "

    " ဟင်.."

    " နေမကောင်းဘူးလား မင်းရယ်။မျက်နှာလေးက ငြိုးနေတာပဲ "

    " ဟင့်အင်း.. ငါနေကောင်းပါတယ် "

    " ဒါဆို ဘာဖြစ်လို့လဲ မောင့်ကိုပြောလေ။ဘာစားချင်လို့လဲ မောင်ဝယ်ကျွေးမယ် "

Under The Influence __ UTI { Completed }Where stories live. Discover now