UTI __ 33 __ U & Z

5.5K 242 141
                                    

      " ဒယ်..ဘွား..အဘွား..ဒယ်..ဒီ.."

      " သား ပါပါးဆီလာနော်။ဒယ်ဒီက ပင်ပမ်းနေလို့ နားပါစေ..လာ ပါပါး ခေါ်မယ် "

      " ဟင့်.."

      ဆိုဖာပေါ်မှာ ပက်လက်အနေအထားနဲ့မျက်လုံးတွေမှိတ်ထားတဲ့ရိပေါ်ရဲ့ပေါ်မှာ မှောက်လျက်လေးရှိနေတဲ့ဝမ်စောအော်ကို ရှောင်းကျန့်ချော့ခေါ်နေတာ။ဒါပေမဲ့ လုံးဝခေါ်လို့မရသလို သူ့ဒယ်ဒီရဲ့မေးစေ့လေးကို မမှီမကမ်းလှမ်းလှမ်းနမ်းပြီး အာဘွားလုပ်နေသေးတာ။ခေါ်လေ ခေါင်းရမ်းလေဖြစ်နေတဲ့ဝမ်စောအော်ဟာ သူ့ဒယ်ဒီလိုပဲပြောမရဆိုမရလေး ဖြစ်လို့နေသည်။

      ခုနက ဟိုလူတွေနဲ့စကားအ​ချေတင်များခဲ့ပြီး ကစားကွင်းထဲကဝမ်ဟောက်ရွှမ်းနေတဲ့ တိုက်ခန်းလေးထဲမှာသူတို့ရောက်နေခဲ့ကြတယ်။စိတ်ရှုပ်သွားတဲ့ရိပေါ်ဟာ ဆိုဖာပေါ်မှာဖြစ်သလိုလှဲချရင်း ချီထားတဲ့သားလေးကိုပါ သူ့ပေါ်တင်ထားခဲ့တာလေ။ယောကျာ်းစိတ်ညစ်နေတာကို အလိုက်သိတဲ့ရှောင်းကျန့်က ကလေးကိုခေါ်ဖို့ကြိုးစားသော်လည်း ဟိုအဖေချစ်လေးကသူ့ကိုအဖက်တောင်မလုပ်။

       " အဲ့လိုမဆိုးရဘူးလေ သားရဲဲ့။ဒယ်ဒီ နားပါစေ..ပါပါးနဲ့နေရအောင်နော် "

       " ဟင့် ဟင့်..နေ နေ..နေဝူး "

       " ကျစ်! ! ပါပါး မဆူချင်ဘူးနော် သား "

       " မင်းကလည်းကွာ ကလေးသူ့ဘာသာနေနေတာ ထားလိုက်လို့မရဘူးလား။မင်းလုပ်မှ ပိုပြီးဆူညံနေပြီ။ဘာမှနားမလည်သေးတဲ့သားကို အဲ့လိုစိတ်မရှည်တဲ့လေသံနဲ့ နောက်ဘယ်တော့မှမပြောနဲ့။မောင်မကြိုက်ဖူး "

       " အေးပါ မင်းတို့သားဖပဲညီတယ်။ငါက မင်းစိတ်ညစ်နေတာသိလို့ စေတနာနဲ့သားကိုခေါ်ပေးမလို့ပါ။မင်းသားကလည်း မင်းနီးနီးကပ်တပ်တပ်ဖြစ်နေတာလေ။နေချင်သလိုနေကြ ငါဘာမှမပြောတော့ဘူး "
     
       " ဟာ!  မောင့်ရှောင်း..မောင့်ရှောင်းကွာ "

       တကယ်ကြီးစိတ်ကောက်ကာ အခန်းထဲကထွက်သွားသူလေးဟာ ဘယ်သူ့ကိုမှတောင်လှည့်မကြည့်တော့ဘဲ ရေတွေလွှတ်ထားတဲ့ကမ်းစပ်နံဘေးကို လျှောက်သွားနေပြီ။ရင်ဘက်ပေါ်ကသားကြောင့်ချက်ချက်ချင်းထ မရတဲ့ရိပေါ်ဟာသူ့ဘေးကလူတွေကို တစ်ချက်ဝေ့ကြည့်လိုက်တော့လေးယောက်လုံးက လက်ဝါးနှစ်ဖက်ဖြန့်ကာ သူတို့လည်းဘာမှမလုပ်တတ်ဖူးဆိုတဲ့ အထှာ လုပ်ပြကြတယ်။ရိပေါ်တစ်ယောက်သက်ပြင်းချပြီး စောအော်လေးကိုထိန်းမကာ အိပ်နေရာကထလိုက်၏။ထို့နောက်ဝတ်ထားတဲ့ အကျီကိုချွတ်ပြီးစောအော်ကိုပါ အကျီချွတ်ပေးလိုက်တာကိုဘေးလူတွေတွေ့တော့ မျက်လုံးတွေပြူးကုန်ကြသည်။

Under The Influence __ UTI { Completed }Unde poveștirile trăiesc. Descoperă acum