UTI __ 14 __ U & Z

7.5K 354 113
                                    

မျက်နှာပေါ်ကျရောက်လာတဲ့ နေခြည်နွေးနွေးကြောင့် ရိပေါ်အိပ်ရာမှနိုးသွားသည်။ညကတည်းက မပိတ်ဘဲထားခဲ့တဲ့ပြတင်းပေါက်ဆီမှ နံနက်ခင်းရဲ့အစပြုအလင်းတန်းတွေဟာ သူနဲ့အတူနေရောင်ခြည်လေးကိုပါ တစ်ပါထဲခေါ်ဆောင်လာပြီး ကြင်စဦးသတို့သားမောင်တို့နှစ်ယောက်အား နုတ်ဆက်နေကြသယောင်။

မျက်လုံးကိုလာထိုးနေတဲ့ နေရောင်အားလက်ဖဝါးနဲ့တစ်ချက်ကာလိုက်ပြီး မိမိရဲ့ဘယ်ဘက်ခြမ်းပြတင်းပေါက်ဘက်ရောက်နေတဲ့ ရှောင်းကျန့်ကိုရင်ဘက်ပေါ်မှတစ်ဆင့် ညာဘက်ကိုပွေ့ချလိုက်တယ်။သူကတော့ နေရောင်ကိုကျောပေးလို့ ရှောင်းကျန့်အားအရိပ်ရစေပါတယ်။သိပ်ချစ်တတ်တာပဲနော်။

" ရိပေါ်.."

" ပြန်အိပ်နော်။စောသေးတယ် "

" မင်း နေပူနေမှာပေါ့ "

ပြောရင်းက ရိပေါ်ရင်ခွင်ထဲကလက်ကလေးကိုထုတ်ပြီး ဗလာကျင်းနေတဲ့ရိပေါ်ကျောပြင်ကို ဖွဖွလေးပွတ်နေလေရဲ့။ပူမှာဆိုးတာက ဟုတ်ပါပြီ။သူ့လက်ပိစိလေးနဲ့ ရိပေါ်လိုယောကျာ်း ကြီးကို ဘယ်လိုလုပ်ကာကွယ်ပေးနိုင်မှာမိုလို့လည်း။

" မပူပါဘူး မင်းရယ်။ခုမှ ထွက်ခါစ နေကအဲ့လောက်ကြီး ပူမလားကွ "

" ဒါပေမဲ့.."

" ပေးပါ..အဲ့လက်ကလေးက။ရင်ခွင်ထဲထည့်ထား "

" မင်းကို ပြန်ကာကွယ်ပေးချင်လို့ကို "

" ကျေးဇူးတင်ပါတယ် မောင့်ခင်ပွန်းချောလေးရယ်။မင်းကာကွယ်ပေးဖို့မလိုပါဘူး။မောင်ကပဲ ကာကွယ်ပါရစေနော် "

" အင်း အင်း..ငါကလည်း ကာကွယ်ပေးချင်လွန်းလို့ရယ်လည်း မဟုတ်ပါဘူး။သူများတွေပြောနေတာက လေထဲမှာခရမ်းရောင်လုံချည်တွေ လွင့်နေတယ်တဲ့။အဲ့ဒါကြောင့် "

" ဟမ်! ! ဘာတွေ "

" ခရမ်းရောင်လုံချည်လေ "

* စာဖတ်သူတို့ခေါင်းလည်း လာစွပ်နေဦးမယ်နော် * 😂

" ဟားးဟားးဟားး မောင်ရှောင်း...အဟားးဟားး မောင့်အသဲလေးရာ ။ပေါက်တတ်ကရတွေ တအားပြောတာပဲ "

Under The Influence __ UTI { Completed }Where stories live. Discover now