UTI __ 3 __ U & Z

8.9K 503 76
                                    

ဝမ်ရိပေါ်ရဲ့မေးခွန်းကို ​ဖြေဖို့အတွက်အောက်နုတ်ခမ်းလေးကို အသာဖိကိုက်ပြီးအားယူမိတယ်။ရိပေါ်နဲ့မျက်ဝန်းချင်းမဆုံရဲတော့ဘဲ အဖြူရောင်မွေ့ယာအိအိကြီးကို အကြောင်းမဲ့စိုက်ကြည့်နေရင်း ဖြေစရာစကားတွေရှာနေမိပေမဲ့ ရေရေရာရာမရှိခဲ့ပါဘူး။

" မောင် မေးတာဖြေလေ မောင့်ရှောင်း "

" ကျစ်! ... မင်းငါ့ကို ချောင်ပိတ်မေးမနေနဲ့ရိပေါ်ရာ။ငါစိတ်ပူတယ်ဆို ပူတယ်ပေါ့။ဘာလို့လေကြောရှည်နေတာလည်း "

" မောင် သိချင်လို့လေကွာ။မောင် မင်းကိုဒီလောက်ချစ်ပေးနေတာကိုတောင် မင်းပြန်မချစ်တာ။ဒါလေးမေးတာကိုတော့ ဖြေသင့်တယ်မလား "

မျက်နှာငယ်လေးနဲ့ ပြောလာသူအား အားတုံ့အားနာလေးကြည့်မိတယ်။မြတ်နိုးရသူမို့ စိတ်ပူတာကိုသိစေချင်သော်လည်း တကယ်တမ်းမှာဝန်မခံခဲ့ပါဘူး။မိုးနဲ့မြေလို ကွာခြားလွန်းတဲ့အခြေနေတွေမှာ နှလုံးသားနဲ့ယှဥ်လာခဲ့ရင် ဦးနှောက်ကိုပဲ ဦးစားပေးမိမှာပင်။ချစ်မိစိတ်ကို ရှေ့တန်းတင်ပြီး အတ္တကြီးပစ်ဖို့အထိရှောင်းကျန့် မတွေးမိဘူး။စီးပွားရေးလောကမှာ လျှမ်းလျှမ်းတောက်အောင်မြင်နေတဲ့ မိသားစုတစ်ခုက မိခင်နဲ့သားကို သူ့လိုမျိူးသာမာန်လူတန်းစားတစ်ယောက်ကြောင့် သိက္ခာတွေမကျစေလိုတာ ရှောင်းကျန့်ရဲ့စေတနာလေးပါ။

ဒါကြောင့်လည်း တွယ်တာမိသူမောင့်ကို ငြင်းနေရခြင်းပဲ။လွယ်တယ်ထင်နေသလား မောင်ရယ်...။

" ငါစိတ်ပူတယ်ဆိုတာက မင်းအဲ့လိုတွေငါ့ကို ချစ်ပေး၊ဂရုစိုက်ပေးနေလို့လေ။ငါမှ မင်းကိုလက်မခံနိုင်တော့ အားနာတယ်။အဲ့ဒါကြောင့်မို့ပါ "

" ဒီတော့ မောင့်ကိုအားနာလို့ ခုလိုလာဂရုစိုက်ပေးတယ်ဆိုပါတော့ "

" အင်း အဲ့လိုပဲ "

" ဟုတ်ပါပြီ..မင်း ပြန်ပြီးအနားယူလို့ရပြီ။မောင် အဆင်ပြေတာမို့ "

" ငါတောင်းပန်ပါတယ် ရိပေါ်။ငါ့ဆီကနေ ဘာကိုမှမမျှော်လင့်ပါနဲ့။ငါက မင်းဝမ်းသာကြည်နူးရမဲ့အဖြေကို မပေးနိုင်သလိုမင်းအတွက်လည်း ပြီးပြည့်စုံစေတဲ့သူ မဟုတ်ဖူး "

Under The Influence __ UTI { Completed }Where stories live. Discover now