UTI __ 15 __ U & Z

7.6K 366 117
                                    

" သခင်ဟောင်း ဝမ်ကျူးလျှိူရဲ့နောက်အိမ်ထောင်က ပထမဆုံးသမီးပါ သခင် "

" ဘာ! !!! အဲ့မိန်းမ က လား "

" ရိပေါ် စိတ်လျှော့လေ "

တအားဒေါသထွက်ပြီး မေးကြောတွေထောင်ထ ကာ မျက်နှာတွေရဲလာတဲ့ရိပေါ်ရဲ့လက်မောင်းကို အသာအယာဆုပ်ကိုင်လို့ ရှောင်းကျန့်သတိပေးလိုက်မိတယ်။သူနဲ့ပတ်သတ်သမျှ အဆိုးအကောင်းအားလုံးကို ခွင့်လွှတ်နားလည်ပေးတဲ့အပြင် အရမ်းချစ်ပေးတတ်တဲ့ရိပေါ်ဟာ သူ့ကိုထိခိုက်လာရင်လည်း ဘယ်သူပဲဖြစ်နေပါစေ ခွင့်လွှတ်လိမ့်မည်မဟုတ်ပါ။သို့သော်လည်း အလွန်တွေမဖြစ်အောင်သူတားနိုင်သလောက် တားယူရမည်။

" မင်း အဲ့လိုမျိူးချစ်စရာမျက်နှာလေးနဲ့ သဘောမနောတွေကောင်းပြီး လာဖျောင်းဖျဖို့မကြိုးစားနဲ့ မောင့်ရှောင်း။မောင့်စိတ်ကို မင်းအသိဆုံးနော် "

" မဟုတ်ဖူးလေ ရိပေါ်ရယ်။ငါက မင်းကိုဘာမှမလုပ်ရဘူးလို့ ပြောချင်တာမဟုတ်ပါဘူး။စိတ်လိုက်မာန်ပါလုပ်လိုက်လို့ မင်းကိုထိခိုက်လာရင် ငါဘယ်သူနဲ့သွားနေရမလည်း။ငါ့ရှေ့မှာ မားမားမတ်မတ်ရပ်တည်ပေးမဲ့ ရိပေါ်ဆိုတဲ့ကျောက်ဆောင်ကြီးမရှိရင် ငါ့ကိုဘယ်သူကာကွယ်ပေးတော့မှာလည်း။အဲ့ဒါလေးကို မစဥ်းစားမိဘူးလား "

မျက်နှာငယ်လေးနဲ့ပြောလာတဲ့ ရှောင်းကျန့်ကြောင့် ဟိုမိန်းမအားသတ်ဖြတ်ချင်စိတ်ကို ရိပေါ်တစ်ယောက် အနည်းငယ်လျှော့ချလိုက်မိတယ်။မြွေတွေ့ပြီးကတည်းက တစ်ခုခုဆိုကြောက်နေတတ်တဲ့ရှောင်းကျန့်က အနားမှာသူရှိနေမှဖြစ်တာ။ဒါမှမဟုတ် တစ်ယောက်ယောက်ကဘေးနားရှိပေးနေမှ။သူတစ်ယောက်ထဲဆို ​​ခြောက်ချားပြီးအဆင်မပြေဖြစ်နေတာမို့ မဂ်လာဆောင်ပြီးတာတစ်လရှိပြီဖြစ်သော်လည်း ရိပေါ်ခုထိကုမ္ပဏီကိုပြန်မသွားနိုင်သေးဘူး။

" ဒါပေမဲ့ မောင်ခွင့်လွှတ်ပေးလို့မရဘူး မင်းရယ်။မင်းကို သေစေနိုင်လောက်တဲ့အထိ ထိခိုက်အောင်လုပ်လာတဲ့သူ့ကို ဘာမှမဖြစ်သလိုနေလိုက်ရအောင် မောင်ကအရူးမဟုတ်ဖူး "

" ငါ နားလည်ပါတယ်။လက်လွန်ခြေလွန်တွေ မလုပ်ပါနဲ့နော်။မင်းမရှိရင် ငါကြောက်လို့ "

Under The Influence __ UTI { Completed }Where stories live. Discover now