UTI __ 4 __ U & Z

7.9K 456 81
                                    

     မျက်နှာပိုးမသေသေးတဲ့ရိပေါ်က ပြုံးဖြီးဖြီးကြီးနဲ့ဆိုင်ကယ်ဦးထုပ် ဆောင်းပြီးဆိုင်ကယ်အမြင့်ကြီးကို အရင်တက်ခွလိုက်တယ်။ခြေတံရှည်ကြီးနဲ့ရိပေါ်ဟာ မောင်းနေကျမို့ဘယ်လိုမှမနေပေမဲ့ ရိပေါ်နဲ့အရပ်တန်းတူလိုက်တဲ့ ရှောင်းကျန့်အတွက်တော့ ရှည်နေတဲ့အရပ်ကြီးမှအားမနာ ထိုဆိုင်ကယ်ကြီးအား စီးရမှာကြောက်နေတာ။

     " ဟောဗျာ..တက်လေ မင်းရဲ့။ဘာတွေကြောင်ပြီး ရပ်နေတာလည်း "

     " မင်းဆိုင်ကယ်ကြီးက အမြင့်ကြီးပဲ။သေအောင် မမောင်းနဲ့နော်။မောင်းလို့ကတော့ ငါကခုန်ချနေခဲ့မှာ "

     " ဟားဟားးဟားးး ...ရှောင်းကျန့်ရာ...။မင်းဆိုသည်မှာလေ ရှာကြံကြောက်နေတာ။မောင်းမဲ့သူက မင်းရဲ့ယောကျာ်း၊မင်းရဲ့အနာဂတ်လင်ပါကွ။ဒီလောက်လေးတောင် အယုံကြည်မရှိဘူးလား "

     " မင်းနော်..အကောင်းပြောနေတာကို ထထ မဖောက်နဲ့ "

      " မဖောက်စေချင်ရင် ဆိုင်ကယ်ပေါ်တက်လိုက်တော့။တော်ကြာ ကျောင်းဆင်းတော့မှာ။အဲ့ကျ ကားတွေပိတ်မှာဆိုးလို့ "

      မတ်တပ်ရပ်နေဆဲရှောင်းကျန့်ကို လက်ဆွဲပြီးဆိုင်ကယ်ပေါ် တက်ခိုင်းလိုက်တယ်။ဆိုင်ကယ်အကြီးကြီးတွေဆို နောက်မှာထိုင်တဲ့သူဟာရှေ့ကမောင်းသူထက် မြင့်တယ်မလား။ခုလည်း ရှောင်းကျန့်ကနောက်မှာထိုင်စီးတာမို့ ရိပေါ်ထက်အနည်းငယ်မြင့်နေတယ်။ရိပေါ်ကလွဲရင် ကိုင်စရာလည်းမရှိတာမို့ ရှောင်းကျန့်တစ်ယောက်ရိပေါ် ပုခုံးကိုလက်နှစ်ဖက်နဲ့ကိုင်လိုက်မိတယ်။ဒါကို မကျေမနပ်လှည့်ကြည့်လာသူက ဝမ်ရိပေါ်ပါ။

      " ကြောက်ရင် မောင့် ခါးကိုဖက်ထားလို့ရတယ်လေ။ဘယ့်နှယ့် ပုခုံးကိုလာကိုင်တာလည်း "

      " ဟာ..မဖက်ချင်ပါဘူး။ဘေးလူတွေက ငါနဲ့မင်းကို တစ်မျိူးထင်သွားကြမှာပေါ့ "

      " ရော်...ကျူပ်လိုကောင်နဲ့ သတင်းထွက်တာ မင်းဂုဏ်တောင်ယူရအုံးမှာကို။ဘယ်လိုတောင် အတွေးချော်ရတာတုန်းဗျ "

      " မသိဘူး... မင်းလို လူဆိုးကောင်နဲ့ဘာသတင်းမှ မထွက်ချင်ဘူး "

Under The Influence __ UTI { Completed }حيث تعيش القصص. اكتشف الآن