UTI __ 16 __ U & Z

7.2K 338 141
                                    

" မောင့်ရှောင်း ဘာလို့ငိုနေတာလည်း မောင့်ကိုပြော။အိုက်မား ဆူလို့လား "

" ဟင့်အင်း ..မောင့်ကိုချစ်လို့ "

" ဗျာ! ! "

ခင်ဗျားတို့ ကြည့်ကြပါဦး...

ကျွန်တော့်ကိုချစ်လို့ ငိုရသတဲ့။

ရှောင်းကျန့်ပြောတာက မပြည့်စုံသလို၊မမှန်ကန်ဘူးဆိုတာကို ရိပေါ်သိပါတယ်။ငိုနေတဲ့အဆိုးလေး စိတ်သက်သာရာရအောင် လျှောက်ပြောနေခြင်းသာ။ရှောင်းကျန့်အား ရင်ခွင်ထဲကအသာထုတ်လိုက်ပြီး ခပ်ပြုံးပြုံးထိုင်နေတဲ့မိခင်ဖြစ်သူအနားကို ပြန်ခေါ်လာခဲ့လိုက်တယ်။ဆိုဖာမှာဝင်ထိုင်လိုက်ပြီး ရှောင်းကျန့်ရဲ့ပါးပြင်လေးပေါ်က မျက်ရည်စီးကြောင်းလေးကို တယုတယလေးသုတ်ပေးမိပြန်တယ်။

" မောင့်ကိုပြော အိုက်မား မင်းကိုဆူတာလား။ဟုတ်တယ်ဆိုရင် မောင်ကမားကိုအပြစ်ပေးမှာ။မောင့်ခင်ပွန်းလေးကို ဆူရမလားဆိုပြီးလေ "

" ဟင့်အင်းလို့..မားက ငါ့ကိုဆူဖို့မပြောနဲ့ လေသံမာမာနဲ့တောင်မပြောဖူးပါဘူး "

" ဒါဆို မင်းလေးခုလိုမျက်ရည်တောက်တောက်ကျအောင် ဘယ်သူဘာလုပ်လိုက်တာလည်းကွာ။မောင် စိတ်ပူလွန်းလို့မြန်မြန်ပြောစမ်းပါ "

ရိပေါ်ရဲ့အလောတကြီးနိုင်တဲ့ မေးခွန်းကြောင့်ရှောင်းကျန့်ဟာ အိုက်မားကိုတစ်ချက်ကြည့်လိုက်ပြီး ရိပေါ်ရဲ့မျက်ဝန်းတွေကိုစိုက်ကြည့်လိုက်၏။စိုးရိမ်မှုတွေအပြည့်နဲ့ရိပေါ်ရဲ့မျက်ဝန်းတွေဟာ ကြည်လဲ့တောက်ပနေသော်လည်း မျက်ရည်ကြည်လေးတွေ ဝေ့ဝဲရတဲ့အထိစိတ်ပူနေတာကို ရှောင်းကျန့်တွေ့နေရတယ်။အဲ့လိုလေးနဲ့တင် ကျေနပ်ရပါတယ်မောင်ရယ်။

" မောင် "

" ဗျာ "

" ပထမဆုံးအနေနဲ့လေ ငါမင်းကိုလွန်ခဲ့တဲ့သုံးနှစ်ကတည်းက ချစ်နေပြီးသားဆိုတာကို ဝန်ခံပါတယ် "

" အဲ့ဒါက မောင်မင်းကို စ လိုက်ပြီး ၂ နှစ်မြောက်တဲ့အချိန်ပဲ "

" ဟုတ်တယ်..ငါ့ကိုအချိန်တွေအကြာကြီး စိတ်မပျက်ဘဲ ချစ်ပေးခဲ့လို့ကျေးဇူးတင်ပါတယ် မောင်။နောက်တစ်ခုက မင်းရဲ့နောက်ကြောင်းတစ်ချိူ့ကို ဒီနေ့ငါသိခွင့်ရခဲ့တယ်။အဲ့ဒါကြောင့် ငါမြိုသိပ်ထားတဲ့ အချစ်တွေကိုမင်းသိအောင် ထုတ်ပြဖို့ဆုံးဖြတ်ခဲ့တာ။ဘာလို့ဆို မင်းထပ်ချစ်ခဲ့တဲ့ ဒုတိယမြောက်ယောကျာ်းလေးဟာ ငါဖြစ်နေပြီလေ။ငါ့ကြောင့် မင်းနောက်တစ်ခါနာကျင်ရတာကို မမြင်ချင်သလို၊ငါမင်းကို သိပ်ချစ်ခဲ့တာကိုဆက်ပြီး မညာချင်တော့လို့ "

Under The Influence __ UTI { Completed }Where stories live. Discover now