UTI __ 21 __ U & Z

6.7K 351 133
                                    

" ဟောက်ရွှမ်း ဟေ့ကောင် ဝမ်ဟောက်ရွှမ်း "

အိမ်အပြင်မှ ဝမ်ရိပေါ်ရဲ့အော်ခေါ်သံကို ရှောင်းအိမ်လေးရဲ့ အတွင်းဘက်ဆီမှရှောင်းမေဟွားလည်းကြားသလို အိမ်သာတက်နေတဲ့ဝမ်ဟောက်ရွှမ်းရော၊အခန်းထဲက ရှောင်းချင်းချန်ပါကြားလိုက်ပါတယ်။ဟောက်ရွှမ်းက ပြန်မထူးမိပေမဲ့ချင်းချန်နဲ့မေဟွားကတော့ ရိပေါ်ကိုထွက်စကားပြောခဲ့တယ်။

" ဟဲ့ သားဝမ် ဘယ်နှယ့်အပြင်ကနေ အော်နေရတာတုန်း။အထဲကို လာတာမဟုတ္ဖူး "

" အေးလေ မောင်ကအိမ်သာထဲမှာ "

" အားတိုင်း အိမ်သာထဲဝင်နေတာ။ပြန်ပြန်ပြီးများစားနေသလား မသိဘူး "

" ကဲ ပေါက်ကရတွေ ဒီကလေးတော့ "

ရိပေါ်ရဲ့ပြန်လည်ချေပမှုကို ရှောင်းမေဟွားကသဘောတကျနဲ့ ရိပေါ်ရဲ့လက်မောင်းကိုလှမ်းရိုက်လိုက်တယ်။ပြုံးစိစိနဲ့ရိပေါ်ကတော့ ချင်းချန်ကိုမျက်စပစ်ပြရင်း ဟောက်ရွှမ်းခုထိထွက်မလာသေးဘူးလာဆိုတဲ့ပုံစံ လုပ်ပြလိုက်တယ်။

" ဝင်သွားတာတော့ကြာပြီ။နေပါဦး မင်းကရောအိမ်မပြန်ဘဲ ဒီကိုဝင်လာတာအရေးကြီးလို့လား ရိပေါ်။တော်ကြာ ငါ့အစ်ကိုဗိုက်ဗိုက်လေးစိတ်ကောက်နေဦးမယ် "

" ငါပြန်သွားမှ မင်းအစ်ကိုစိတ်ကောက်မှာ။ခုသူ့ကိုပြန်မတွေ့ဘဲလာတော့ ပြီးကာမှပေါင်းပြီးကောက်ပါစေတော့လေ။ချော့ရမှာပေါ့ "

" မင်းဘယ်သွားဖို့ ပြင်နေတာလည်း "

လက်ကိုတစ်သျှူးနဲ့သုတ်ရင်း ထွက်လာတဲ့ဟောက်ရွှမ်းက ရိပေါ်ကိုမေးရင်းဆိုဖာမှာဝင်ထိုင်လိုက်တယ်။မျက်စောင်းထိုးကြီးနဲ့ရိပေါ်က ချက်ချင်းရောက်မလာရကောင်းလားဆိုပြီး တင်းနေပုံပါပဲ။ဒါကရိပေါ်ရဲ့ ပင်ကိုယ်ပုံစံထဲကတစ်ခုပင်။

" မင်း အိမ်သာထဲမှာအိပ်ပျော်နေတာလား "

" ဟာ ငါကဘာကိစ္စနဲ့အိပ်ရမှာလည်း။မင်းပဲသွားအိပ်လေ "

" အိပ်မနေဘူး။ဒါနဲ့လက်ရော ဆေးခဲ့လား "

" သြော်...ငါ့မ်ား ညစ်ပတ်တဲ့သူများထင်နေလား။အာပြဲကြီးနဲ့မင်းအော်နေတာကြားလို့ ကိစ္စကိုတောင်အမြန်ရှင်းခဲ့ရတာ။ဘာလုပ်ဖို့ လာခေါ်တာလည်း "

Under The Influence __ UTI { Completed }Where stories live. Discover now