Part 30(2)

1.5K 149 25
                                    

[Zawgyi]

ခယ့်ချန်းဝမ်က မျောက်တစ်ကောင်လို ခုန်ပေါက်ပြီး အော်ဟစ်နေခဲ့သည်"ဒါမတရားဘူး။ငါလည်း ကောင်းကောင်းမအိပ်ရသေးဘူး။ကျန်းရှို့ချိုးကနောက်ထိုင်ခုံကို သူတစ်ယောက်တည်းအပိုင်ယူထားတာ ငါ့‌ခြေထောက်တွေထုံပြီး မျက်ကွင်းတွေညိုတော့မယ်။ဘာလို့ ငါလည်းမရတာလဲ?!"

လေထုကချက်ချင်းပျက်စီးသွားသည်။

"မင်းရဲ့သောက်မျက်ကွင်းတွေက အရင်တည်းကညိုနေတာပဲမဟုတ်ဘူးလား?!" ဖူယန်ရှီက ဒေါသတကြီးနဲ့ သူ့(KCW)ခေါင်းကိုတွန်းထုတ်လိုက်သည်။"ဒီမှာဘာမှမကျန်တော့ဘူး။ငါနှစ်ခုပဲယူလာခဲ့တာ။"

ခယ့်ချန်းဝမ် : "...."

မင်ရှီ မနေ့ညက သူတို့ဆီကနေ အကူအညီများစွာရခဲ့သည်။သူမသည် သူတို့နဲ့ခင်မင်ရင်းနှီးသည့် အဖွဲ့‌ဆက်ဆံရေးဖြစ်လာတာကိုခံစားရသည်။

သူမ ရှက်ကိုးရှက်ကန်းနဲ့ သူမမျက်နှာပေါ်က မျက်လုံးကာကိုချွတ်ပြီး ပြောလိုက်သည် "ငါ့ဟာနင့်ကိုပေးရမလား?ငါအိပ်ရေးဝဝအိပ်ထားပြီးတော့ ငါ့မျက်လုံးတွေလည်းဘာမှမဖြစ်ဘူး။"

ခယ့်ချန်းဝမ်က ပျော်ရွှင်စွာနဲ့လက်ခံဖို့ ပြင်လိုက်သည်။

ဖူယန်ရှီက သူ့လက်ကိုရိုက်ထုတ်လိုက်တယ်။

ဖူယန်ရှီက မှုန်တေနေတဲ့မျက်နှာနဲ့ အိတ်ထဲကနေ နောက်ထပ်သုံးခုကို ထုတ်လိုက်သည်။"ဒီမှာ"

ခယ့်ချန်းဝမ် : "...."

မင်ရှီက " နှစ်ခုထဲရှိတယ်လို့ နင်ပြောတာမဟုတ်ဘူးလား?"

ဖူယန်ရှီရဲ့မျက်နှာက မနီသွားပေ ၊ သူနှလုံးခုန်မမြန်သလို မျက်တောင်လည်းမခတ်ခဲ့ပေ။"နောက်တစ်ထုပ်ရှိသေးတာ ငါမေ့သွားလို့။"

"...."

သူတို့ငါးယောက်လုံး မျက်လုံးကာတပ်လိုက်ကြပြီး သူတို့ပုံစံက လူတွေကို ဖောက်ထွင်းလုယက်မဲ့ ကျင်းယန်သူခိုးတွေလိုဖြစ်နေကြသည်။၎င်းက ကြွေဇလုံနဲ့အသီးအရွက်တွေဆေးဖို့လာတဲ့ အန်တီလီကို ထိတ်လန့်သွားစေခဲ့သည်။

မင်ရှီ သူမမျက်လုံးကာကိုအမြန်ချွတ်ပြီး လျှောက်သွားလိုက်သည်။"သမီးပါ အန်တီလီ။သမီးခဏလောက်အလည်ပြန်လာခဲ့တာ။"

I Just Want To Freeload on Your Luck(MM translation)Where stories live. Discover now