Part 2(1)

1.5K 243 0
                                    

[Zawgyi]

ကျောက်​အိမ်​က​နေ ထွက်​သွားတာက မင်​ရှီထင်​ထားတာ ထက်​ပိုလွယ်​​နေသည်​။ ဤအချက်​က သူမ၏အတိတ်​ဘဝတွင်​အမှန်​တကယ် ​သူမကိုယ်​သူမ ပိုးအိမ်​လို ရစ်​ပတ်​ကာကွယ်​ခဲ့ရသည်​ဆိုသည့်​ သူမအထင်​ကို ခိုင်​မာ​စေသည်​။
သူမ ဒီမိသားစုကို စွန့်​ခွာလိုက်​သည်​နှင့်​ ဝမ်းနည်းသည့်​ခံစားချက်​​တွေ သူမတွင်​ကျန်​ရှိ​တော့မည်​ မဟုတ်​​ပေ။

ခုချိန်​တွင်​ သူမအသက်​ကို ဘယ်​လို ကယ်​တင်​ရမလဲကိုသာ မင်​ရှီစိတ်​ထဲတွင်​​တွေး​နေမိသည်​။ သူမကိစ္စ​တွေ ​ဆောင်​ရွက်​တာ အ​တော်​မြန်​သည်​၊​နောက်​​နေ့မနက် ​အတန်း​ပြောင်းရမည့်​ကိစ္စများကို စီစဉ်​ပြီးသည်​နှင့်​ သူမစာအုပ်​​တွေကို စ​ရွှေ့ လိုက်​သည်​။

Systemကမင်​ရှီကို ​မြေကြီးသာဖြည့်​ထားတဲ့ ပန်းအိုးအလွတ်​တစ်​လုံးကို ​ပေးခဲ့တယ်​။ဒါကမင်​ရှီတစ်​​ယောက်​တည်းသာမြင်​နိုင်​သည်​။

"မင်းကံ​ကောင်းမှု အနည်းငယ်​စု​ဆောင်းလိုက်​တိုင်း အပင်​ကအဖူး​​လေး​တွေ ထွက်လာမယ်​​။ဒီပန်းအိုးထဲက အပင်​​တွေအားလုံး အပြည့်​အဝကြီးထွားလာမှသာ ဗီလိန်​ရဲ့ဆိုးရွားတဲ့ စွမ်းအင်​​တွေလွှင့်​ပါးသွားလိမ့်​မယ်​။မင်းရဲ့အဆုံးသတ်​ဖြစ်​တဲ့"​ကောင်းမွန်​သည့်​​သေခြင်းနှင့်​အဆုံးမသတ်​ရခြင်း" အချိန်​ကို​ရောက်​ရင်​​တောင်​ မင်းအသက်​ဆက်​ရှင်​နိုင်​မယ်​။"

"ဒါ့အပြင်​ မင်းဒီပန်းအိုးကို အပင်​​တွေလုံ​လောက်​​အောင်​ ဖြည့်​နိုင်​ရင်​ မင်းရဲ့ကံ​ကောင်းမှုက ​ကျောက်​ယွမ်​ ကို​တောင်​ဖိနှိပ်​နိုင်​လိမ့်​မယ်​။"

မင်​ရှီ"ဒါက ကံ​ကောင်းမှုကို ထိ​တွေ့ခံလိုက်​ရတဲ့လူ​ပေါ် သက်​​ရောက်​မှုရှိလား?"

"ဒါကမဖြစ်​နိုင်​ဘူး၊မင်းWifi hotspotsကိုကြားဖူးတယ်​မလား?၊မင်းသူတို့ရဲ့ ကံ​ကောင်းမှုကိုထိ​တွေ့လည်း သူတို့ရဲ့ကံ​ကောင်းမှု​တွေ ​လျော့နည်း သွားမှာမဟုတ်​ဘူး။"

မင်​ရှီစိတ်​သာသာရာရသွားသည်​။

သူမ ပန်းအိုးကိုရရှိပြီး အရမ်းစိတ်​လှုပ်​ရှား​နေသည်​၊ အတန်း၆ရဲ့အတန်း​ခေါင်း​ဆောင်​​ပေါ် စမ်းကြည့်​တဲ့​အ​နေနဲ့ သူမထွက်​မသွားခင်​မှာ အတန်း​ခေါင်း​ဆောင်​ကို ​ပွေ့ဖက်​မှုအကြီးကြီး ​ပေးခဲ့လိုက်​သည်​။

I Just Want To Freeload on Your Luck(MM translation)Where stories live. Discover now