Part 11

1.4K 266 9
                                    

[Zawgyi]

နိုင်​ငံတကာအတန်းမှာ ဖူယန်​ရှီနဲ့ကျန်းချင်​ချိုးအပြင်​ စာရင်းထဲမှာပါတဲ့လူများစွာရှိ​လေသည်​။

ထိုထဲတွင်​မိဘ​တွေက အကြီးတန်းအမှု​ဆောင်​​တွေဖြစ်​ကြတဲ့ ခယ့်​ချန်းဝမ်​လည်းပါဝင်​ပြီး သူ့ပြန်​လာနှုန်းက၀.၃%ဖြစ်​သည်​။

မင်​ရှီ​ကျောင်းငါး​လေးရဲ့ အဓိကအချက်​ကို ပိုက်​ကွန်​ချလိုက်​တယ်​။သူမဖူယန်​ရှီအ​ပေါ်ပဲ အာရုံစိုက်​ထား​ပေမယ့်​လည်း ဒီလူ​တွေဆီက​နေ ​သူမကံ​ကောင်းမှုတချို့ရ​နိုင်​​နေသ​ရွေ့ သူမတက်​တက်​ကြွကြွလုပ်​​နေအုန်းမှာပင်​။

ပြီးခဲ့တဲ့နှစ်​ရက်​တွင် သူမဟယ့်​ယန်​မိသားစုရဲ့တိုးဆိုင်​မှာလုပ်​ထားတဲ့ ဘီစကစ်​​သေး​သေး​လေးတချို့ကို သူတို့ကိုအဆင်ေ​ပြ​ပြေ​လက်​​ဆောင်​​ပေးနိုင်​ဖို့ သူတို့ရဲ့အိမ်​စာ​တွေငှါးရမ်းတာကို အ​ကြောင်းပြချက်​အ​နေနဲ့သူမအသုံးပြုခဲ့တယ်​။ဒီလူ​တွေနဲ့ အဆက်​မပြတ်​အပြန်​အလှန်​ဆက်​သွယ်​ပြီး​နောက်​မှာ အဖူး​သေး​သေး​လေး​တွေ​ပေါက်​လာပြီး အခုဆိုလျှင်​စု​ပေါင်းပြီး အပင်​တစ်​ပင်​ဖြစ်​လာ​တော့မယ်​။

မင်​ရှီ အဖူး​လေး၁၃ဖူးရှိတာ​ရေတွက်​ပြီး​နောက်​ ​ထောင့်​တစ်​​နေရာကို​လျှောက်​သွားပြီး သူမရဲ့မှန်​ကိုတိတ်​တဆိ​တ်​ထုတ်​ကာ တစ်​ချက်​​လောက်​ကြည့်​ဖို့ သူမရဲ့မျက်​နှာဖုံးကို​အောက်​ဆွဲချလိုက်​တယ်​။

ထင်​ထားတဲ့အတိုင်း အမာရွတ်​ကအရမ်း​မှေးမှိန်​​နေပြီး မမြင်​နိုင်​သ​လောက်​ပင်​။ထို့အပြင်​ သူမရဲ့အထင်​လွဲမှားမှုပဲလားမသိ​ပေမယ့်​ သူမအခြားလူေ​တွရဲ့ကံအ​ပေါ် ကပ်​ပါးရပ်​ပါးစတင်​ရယူနိုင်​တည်းက သူမရဲ့ဆံပင်​​တွေကပိုပြီး​တောက်​ပလာသလို သူမရဲ့အသားအ​ရေကလည်းပို​နူးညံပြီး ပို​ချော​မွေ့လာသလို သူမခံစား​နေရသည်​။

[TN:​မေ့သွားမှာစိုးလို့ပါ​ မင်​ရှီတခြားသူ​တွေဆီကကံ​ကောင်းမှု​တွေရယူ​နေ​ပေမယ့်​ ရယူခံရတဲ့လူရဲ့ကံအ​ပေါ်သက်​​ရောက်​မှုမရှိပါဘူး​နော်​]

I Just Want To Freeload on Your Luck(MM translation)Where stories live. Discover now