Part 2(2)

1.4K 224 1
                                    

[Zawgyi]

သူမရဲ့​ရှေ့မှာရှိ​နေတဲ့ ပန်းအိုးကရုတ်​တရက်​ တုန်​ခါလာပြီး အစွန်းဘက်​တွင်​ အလွန်​ပါးလွှာပြီး​​ ​သေးငယ်​တဲ့အပင်​​ပေါက်​​လေး ထွက်​လာသည်​။
တစ်​စင်​တီမီတာထက်​နည်း​ပြီး ဒါကပြီးပြည့်​စုံတဲ့အဖူးတစ်​ခုရဲ့ ဆယ်​ပုံပုံတစ်​ပုံ​လောက်​သာရှိ​သော်​လည်း မင်​ရှီကိုမျက်​လုံးများ ကျယ်​လာ​စေပြီး ဝမ်းသာအားရငိုလုမတက်​ ဖြစ်​​စေသည်​။

"ဒီဟာကဘာ​လဲ?! ဘာလို့ပထမဆုံးတစ်​ခု​က ရုတ်တရက်ေ​​ပ်ါလာတာလဲ?"သူမ​​ပျော်​ရွှင်​စွာ
systemကို ​မေးလိုက်​တယ်​။

System: "မင်း​ဘေးမှာထိုင်​​နေတာ ဘယ်​သူလဲကြည့်​လိုက်​"

မင်​ရှီကြည့်​လိုက်​တယ်​။

နိုင်​ငံတကာအတန်းတစ်​ခုလုံးက အရမ်းကို တိတ်​ဆိတ်​​နေပြီး၊လူတိုင်းရဲ့ အကြည့်​​တွေက သူမ​ပေါ်တွင်​စွဲမြဲ​နေသည်​။

သူမလက်​ထဲမှာစာအုပ်​ကိုင်​ထားပြီး မျက်​နှာဖုံးတပ်​ထားတဲ့ ထူးဆန်းတဲ့မိန်းက​လေး ​လျှောက်​ဝင်​လာတာကို လူတိုင်းက​စောင့်​ကြည့်​​နေခဲ့ကြတယ်​၊သူမက နှုတ်​ဆက်​စကား ​ပြောမလာပဲ ​နောက်​ဆုံးတန်းရဲ့ဒုတိယတန်းဆီ အမြန်​​ပြေးပြီး ထိုင်​ချလိုက်​တယ်​။!

တုန်​လှုပ်​​နေကြတုန်းမှာပဲ၊တစ်​စုံတစ်​​ယောက်​က"F**k မင်းသတ္တိ​အရမ်း​ကောင်းတာပဲ"လို့​ပြောလာခဲ့တယ်​။

တစ်​ခြားသူ​တွေကအသံတိုးတိုးနှင့်​ သတိ​ပေးလာသည်​ "နင်​ကအစ်​ကိုကြီးရှီရဲ့​ဘေးမှာထိုင်​ပြီး သူ့ကိုယ်​နံ့ကို​တောင်​ရှုရဲ​သေးတယ်​၊သူနိုးလာရင်​ နင်ေ​တာ့​သွားပြီပဲ။"

အစ်​ကိုကြီးရှီ=ဖူယန်​ရှီ?

မင်​ရှီချက်​ချင်းပဲ ညာဘက်​ကို လှည့်​ကြည့်​လိုက်​သည်​။

သူမအရင်​မြင်​လိုက်​ရတာက လူတစ်​​ယောက်​ရဲ့​ "ငါက​ဆရာကြီးပဲ"လို့​ပြော​နေသ​ယောင်​ရှိတဲ့အချွန်​ပုံစံနဲ့ အနီ​ရောင်​ ဆံပင်​တိုဖြင့်​ဖုံးလွှမ်းထားတဲ့ ​ခေါင်းအ​နောက်​ဘက်​ဖြစ်​သည်​။

I Just Want To Freeload on Your Luck(MM translation)Where stories live. Discover now