Part 22

1.2K 201 8
                                    

[Zawgyi]

ကျောက်​ယွီနင်​ သူ့မျက်​လုံး​တွေကို မယုံနိုင်​ဖြစ်​သွားခဲ့တယ်​။

ဒီ​လက်​​ဆောင်​ကို​ရွေးဖို့ သူအချိန်​ဘယ်​​လောက်ကြာ​အောင်​ဖြုန်းခဲ့ရလဲ ​ကျောက်​မင်​ရှီ သိရဲ့လား?!

အချိန်​ခဏကြာ​အောင်​ သူ​ဒေါသအရမ်းထွက်​ပြီး စိတ်​​တွေတုန်လှုပ်ေ​နခဲ့တယ်​။သူမသိစိတ်​အ​လျောက်​ ​ရှေ့တိုးသွားပြီး အမှိုက်​ပုံးထဲက လက်​​ဆောင်​ကိုထုတ်​လိုက်​တယ်​။

နံနက်​ခင်းနှင်း​တွေက စိုစွတ်​​​နေပြီး အမှိုက်​ပုံး​အောက်​​ခြေက ​ရေညစ်​​တွေနဲ့ပြည့်​​နေခဲ့တယ်​။

လက်​​ဆောင်​ကိုထုတ်​ယူလိုက်​တာနဲ့ အနက်​​ရောင်​​ရေ​တွေ တစ်​စက်​စက်​ကျ​လာပြီး တချို့က 
ကျောက်​ယွီနင်​ရဲ့​ဘောင်းဘီ​ပေါ် ပတ်​ဖြန်းသွားတယ်​။

လက်​ချင်းတွဲကာ ​အောက်​ထပ်​ကိုဆင်းလာကြတဲ့ မိန်းက​လေး​တော်​​တော်​များများက သူ့ကိုဖြတ်​သွား​တော့ ထူးဆန်းတဲ့အကြည့်​နဲ့ကြည့်​သွားကြပြီး သူတို့အားလုံးတညီတညွတ်​တည်း သူ့ကို​ရှောင်​သွားကြတယ်​။

ကျောက်​ယွီနင်​နဲ့ အတူပါလာတဲ့ ​ကောင်​​လေးနှစ်​​ယောက်​ကလည်း ​ခေါင်းကုတ်​လိုက်​ကြတယ်​။သူတို့ အနည်းငယ်​အ​နေခက်ေ​နကြပြီး ​လျှောက်သွားကာ သူ့ပုခုံးကိုပုတ်​လိုက်​တယ်​။
"ဘာဖြစ်​တာလဲ? သူမဘူးခွံကို​တောင်​ ဖွင့်​မကြည့်​ထားဘူး။တကယ်တမ်း ​​အ​ဆောင်​မှာတာဝန်​ကျတဲ့အန်​တီက မင်းအစ်​မကို ​မ​ပေးခဲ့တာ ဖြစ်​နိုင်​လား?"

ကျောက်​ယွီနင်​ အမှိုက်​ပုံးထဲက​ရေညစ်​​တွေနဲ့စိုစွက်​​နေတဲ့ ကတ်​ထူဘူး​အောက်​​ခြေကို စိုက်​ကြည့်​​နေခဲ့တယ်​။သူ​ကောက်​ယူလိုက်​ရင်​​တောင်​ ဒါကအသုံးမဝင်​​တော့ဘူး။ရေညစ်​​တွေက လက်​​ဆောင်​ကိုလုံးဝစိုရွှဲသွား​စေ​လောက်ပြီ။

သူသက်​ပြင်းချလိုက်​ပြီး ​နောက်​ဆုံးအနည်းငယ်​ တည်​ငြိမ်​သွားတယ်​။သူလွှတ်​ချလိုက်​ပြီး ​နောက်​လှည့်​ကာ အ​ဆောင်​​အောက်​ဆုံးထပ်​က ဧည့်​လက်​ခံရာ​နေရာဆီ ​ပြေးသွားခဲ့တယ်​_ဟုတ်​တယ်​ ၊ အဲ့လိုပဲဖြစ်​ရမယ်​။အ​ဆောင်​တာဝန်​ကျတဲ့အန်​တီက လက်​​ဆောင်​ကို ​ကျောက်​မင်​ရှီဆီမ​ပေးခဲ့တာပဲ ဖြစ်​ရမယ်​။

I Just Want To Freeload on Your Luck(MM translation)Where stories live. Discover now