Part 6

1.4K 257 8
                                    

[Zawgyi]

"မင်​ရှီအိမ်​ပြန်​လာဖို့ အစီအစဉ်​မရှိဘူးလား"မဒမ်​​ကျောက်​က မိသားစုယာဉ်​​မောင်းကို​​မေးလိုက်​တယ်​။

အ​မေ​ကျောက်​ရဲ့ မင်​ရှီအ​ပေါ်ခံစားချက်​ကရှုပ်​​ထွေးလွန်းသည်​။ဤက​လေးကသူမရဲ့သမီးအရင်းဖြစ်​မှန်းသိ​ပေမဲ့လည်း လွန်​ခဲ့တဲ့၁၅နှစ်​လုံးသူမ(မင်​ရှီ)ကိုတစ်​ခါမှမ​တွေ့ခဲ့ဖူးတာ​ကြောင့်​ သူမ(မင်ရှီ)အနားတွင်​ရင်းနှီးကျွမ်းဝင်​မှုကိုမခံစားရ​ပေ။ပွေ့ဖက်​သည့်​ရုပ်​ပိုင်းဆိုင်​ရာတချို့ ထိ​တွေ့ဆက်​ဆံမှု​တွေကလည်း အဆင်​မ​ပြေဖြစ်​ခဲ့သည်​။

ထို့အပြင်​သူမ​ကျောက်​ယွမ်​ရဲ့ ခံစားချက်​ကိုလည်းဂရုစိုက်​ရမည်​__ယွမ်​ယွမ်​သည်​ငယ်​ငယ်​တည်းကကျန်းမာ​ရေးမ​ကောင်းတာ​ကြောင့်​ အားနည်းသည်​။သူမသည်​ အခြားသူများဆီကလုယူတိုက်​ခိုက်​တာမျိုး တခါမှမလုပ်​ခဲ့ဖူး​ဘူး။သူမအနားကလူ​တွေအားလုံးက အိမ်​ပြန်​​ရောက်​လာတဲ့ မင်​ရှီကိုဂရုစိုက်​​နေကြတာ သူမ​တွေ့သွားရင်​သူမစွန့်​ပစ်​ခံရသလိုခံစားရပြီး ဝမ်းနည်း​နေမလား။?

ထို့​ကြောင့်​အ​မေ​ကျောက်​သည်​ လွန်​ခဲ့သည့်​နှစ်​နှစ်​တာလုံးမင်​ရှီနှင့်​ အကွာအ​ဝေးတစ်​ခုခြား၍ဆက်​ဆံခဲ့သည်​။

သို့​သော်​လည်း မည်​သို့ပင်​ဖြစ်​​စေကာမူ မင်​ရှီသည်​သူမ၏သမီးအရင်းဖြစ်​သည်​။သူမဘယ်​လိုပဲပုန်​ကန်​​နေပါ​စေ သူမကိုအမှန်​တကယ်​လျစ်​လျူရှု၍မထားနိုင်​​ပေ။

ယာဉ်​​မောင်းက ကားဂို​ဒေါင်​တံခါးကို​သော့ခတ်​ပြီး​ခေါင်းခါလိုက်​တယ်​"ဒီ​နေ့ကျွန်​​တော်​သူတို့ကိုသွားကြိုတဲ့အချိန်​က မမ​လေး​ကျောက်​ယွမ်​နဲ့သခင်​​လေးယွီနင်​တို့ကိုပဲ​တွေ့ခဲ့ပါတယ်​၊​ကျောင်းဝင်​​ပေါက်​မှာမမ​လေးမင်​ရှီကိုမ​တွေ့ခဲ့ပါဘူး။"

"သူမကတကယ်​ကို​ခေါင်းမာတာပဲ။နှစ်​ရက်​​တောင်​ရှိပြီ ခုထိပြန်​မလာ​သေးဘူး။"အ​မေ​ကျောက်​က​ဒေါသထွက်​​နေပုံ​ပေါ်သည်​။

ယာဉ်​​မောင်းက"မနက်​ဖြန်​​ကျောင်းပြီးတဲ့ အချိန်​ကျွန်​​တော်​​ကျောင်းထဲသွားပြီး သူမကိုလိုက်​ရှာပြီးပြန်​​ခေါ်လာရမလား?"လို့​ပြောလိုက်​တယ်​။

I Just Want To Freeload on Your Luck(MM translation)Where stories live. Discover now