Part 15(1)

1.3K 233 2
                                    

[Zawgyi]

ခယ့်​ချန်းဝမ်​ စကားတစ်​ခွန်း​တောင်​မ​ပြောနိုင်​ခင်​မှာပဲ ဖူယန်​​ရှီက ​နောက်​ထပ်​မျက်​နှာဖုံးများပြသထားတဲ့ စင်​တန်းဆီသို့​လျှောက်​သွားခဲ့ပြီဖြစ်​သည်​။

ထိပ်​တန်းစွမ်း​ဆောင်​ရည်​နဲ့ ​ဈေးဝယ်​လမ်းညွှန်​တစ်​​ယောက်​က သူဘာဝယ်​ချင်​သလဲ ခန့်​မှန်းလိုက်​ပြီး ပစ္စည်းများနဲ့စင်​တန်းကို သူ့ဆီအမြန်​တွန်းပို့လာပြီး ​"သခင်​​လေးဖူ သခင်​​လေးဒါလို​အပ်​လား?" လို့​မေးလာခဲ့တယ်​။

စင်တန်းေ​​ပ်ါက ပိုးသားနဲ့ပြုလုပ်​ထားတဲ့ အမျိုးသမီးအတွင်းခံအမျိုးမျိုးက ရုတ်​တရက်​ သူ့မြင်​ကွင်းထဲ​ဝင်ေ​ရာက်​လာခဲ့တယ်​။သူ့ရဲ့​ချော​မောတဲ့မျက်​နှာက ချက်​ချင်းအနီ​ရောင်​သန်းသွားပြီး သူ​အော်​ဟစ်​လိုက်​တယ်​ "ဒါဘာလဲ?! ငါကဒီလိုပစ္စည်း​မျိုး​တွေဝယ်​ချင်​တဲ့သူနဲ့ တူ​​လို့လား?!မင်းငါ့ကို အထင်​မှား​နေတာပဲ!"

ထိပ်​တန်းအဆင့်​​ဈေးဝယ်​လမ်းညွှန်​က တုန်​တုန်ယင်ယင်​​နဲ့ စင်​တန်းကိုပြန်​ဆွဲယူရန်​လုပ်​လိုက်​တယ်​။

"​နေအုန်း" ဖူယန်​ရှီက သူမကိုလှမ်း​ခေါ်လိုက်​တယ်​။

တကယ်​​တော့ ဖူယန်​ရှီက ဖိုရမ်​​ပေါ်မှာအမြဲလိုလို ​ရွှေ့​ပြောင်း​ကျောင်းသူ ကျူတာအလုပ်​​တွေ ရှာ​နေတာ​ သူ​တွေ့​ထားတာ​ကြောင့်​ သူမမှာလက်​တ​လောပိုက်​ဆံသိပ်​မရှိ​လောက်​ဘူးလို့ သူသံသယရှိ​​နေခဲ့တယ်​။သူမဒီလိုပစ္စည်း​တွေကို တက်​နိုင်​​လောက်​ရဲ့လား သူ,မသိဘူး။

"ငါနှစ်​ခုယူမယ်​" ဖူယန်​ရှီမျက်​​မှောင်​ကြုတ်​ထားလျက်နဲ့ ​၎င်းကိုထပ်​မကြည့်​ရဲ​တာ​ကြောင့်​ သူ့ လက်​နှစ်​​ချောင်းကိုသုံးကာ ပစ္စည်းတစ်​ချို့ကိုဆွဲယူလိုက်ပြီး ​ခရီး​ဆောင်​အိတ်​ထဲပစ်​ထည့်​လိုက်​တယ်​။

ပစ္စည်း​တွေထည့်​ပြီးသွားချိန်​မှာ​ သူ့မျက်​နှာတစ်​ခုလုံးနီးပါးနီရဲ​နေခဲ့တယ်​။

သူ​နောက်​ထပ်​မျက်​နှာဖုံးနှစ်အိတ်​​ကို ဆွဲယူပြီး ပစ်​ထည့်​လိုက်​တယ်​။ထို့​နောက်​ ခရီး​ဆောင်​အိတ်​အဖုံးကို ​ခြေ​ထောက်​နဲ့အလျင်​စလိုပိတ်​လိုက်​တယ်​။သူလှည့်​ကာ  ဇစ်​ကိုဆွဲပိတ်​ပြီး​နောက်​ ခရီး​ဆောင်​အိတ်​နဲ့အမြန်​​ပြေးထွက်​သွားခဲ့​တယ်​။

I Just Want To Freeload on Your Luck(MM translation)Where stories live. Discover now