Part 24(1)

1.1K 201 2
                                    

[Zawgyi]

ကျောက်​ကျန့်​ဟွိုက်​အခန်းထဲပြန်​​သွားခဲ့ပြီး သူ့အခန်းထဲမှာ ​ကျောက်​ယွမ်​ရဲ့ပစ္စည်း​တွေအများအပြားရှိ​နေတာ​တွေ့လိုက်​ရတယ်​။ဆိုဖာ​ပေါ်မှာ ​ခေါင်းအုံးနှစ်​လုံးနဲ့ အ​ပေါ်အင်္ကျီအတိုတစ်​ထည်​လည်း သူ့အခန်းထဲကျန်​​နေခဲ့တယ်​။

ကျောက်​ကျန့်​ဟွိုက်​ နားထင်​​တွေကိုက်​ခဲလာခဲ့တယ်​။

မောင်​နှမ​တွေကြားဆက်​ဆံ​ရေးအရဆိုလျှင်​ အပြင်​လူ​တွေရဲ့အမြင်​မှာ သူတို့ရဲ့အပြုအမူ​တွေကနှစ်​သိမ့်​ဖို့အတွက်​ အနည်းငယ်​ရင်းနှီးလွန်း​နေပုံ​​ပေါ်​လောက်တယ်​​။ယွမ်​ယွမ်​ကလည်း တခြားမိသားစုဝင်​​တွေအ​ပေါ် ဒီလိုမှီခိုအားထားပုံမ​ပေါ်ဘူး။

ကျောက်​ကျန့်​ဟွိုက်​ ယခင်​ကဒီအ​ကြောင်းသိပ်​မ​တွေးခဲ့ဘူး။ကျောက်​ယွမ်​က အခုသူ့အ​ပေါ်ထိုကဲ့သို့ ခံစားချက်​မျိုးရှိမယ်​လို့လည်း သူမထင်​ဘူး။သို့​သော်​ မင်​ရှီရဲ့စကား​တွေက သူ့အတွက်​ နှိုး​ဆော်​သံလိုပဲ ရုတ်​တရက်​ သူ့ကိုနိုးထလာ​စေတယ်​__သူမမှာ ထိုအ​တွေး​တွေရှိရှိ မရှိရှိ ခံစားချက်​​တွေမ​​ပေါက်​ဖွားနိုင်​ခင်​မှာပဲ သူသတ်​ပစ်​ရမယ်​။

သူတို့ကြားမှာ အမြန်အ​ကွာအ​ဝေးခြားဖို့လိုတယ်​။

ကျောက်​ကျန့်​ဟွိုက်​က သူ့ရဲ့နာကျင်​မှု​တွေကို​ဘေးဖယ်​လိုက်​ပြီး အတွင်း​ရေးမှူး​ကို ​သူ့အခန်းထဲ​ကျောက်​ယွမ်​ကျန်​ခဲ့တဲ့ပစ္စည်း​တွေကို အမြန်​ရှင်းလင်းခိုင်းလိုက်​တယ်​။ထို့​နောက်​ ပစ္စည်း​တွေအားလုံးကို ကတ်​ထူပုံးတစ်​ခုထဲထည့်​ပြီး ​ကျောက်​ယွမ်​ဆီပြန်​​ပေးခိုင်းတယ်​။

အခန်းထဲမှာ ​ကျောက်​ယွမ်​ရဲ့ဟာဟုတ်​ရဲ့လား သူမသိတဲ့ပစ္စည်းတချို့ရှိ​နေတာ​ကြောင့်​ မိန်းက​လေးသုံးပစ္စည်းဖြစ်​​နေသ​ရွေ့ အတွင်း​ရေးမှူးကိုထုပ်​ပိုးခိုင်းတယ်​။ထို့အပြင်​ သူက သူ့ကိုယ်​သူထိန်းထိန်းသိမ်းသိမ်းရှိပြီး ယခင်​ကဘယ်​သူ့ကိုမှအိမ်​​ခေါ်မလာဖူး​တော့ ဒီပစ္စည်း​တွေအားလုံး ​ကျောက်​ယွမ်​ဟာပဲဖြစ်​နိုင်​တယ်​။

I Just Want To Freeload on Your Luck(MM translation)Where stories live. Discover now