Part 28(1)

1K 161 1
                                    

Zawgyi

ကျောက်​ကျန့်​ဟွိုက်​သည်​ ကားပါကင်​ထိုးရန်​ ​နေရာရှာ​နေဆဲဖြစ်​တာ​ကြောင့်​ ​ကျောက်​မိုသည်​ မ​စောင့်​နိုင်​​တော့ဘဲ ကား​ပေါ်ကအရင်​ဆုံးဆင်းသွားခဲ့သည်​။

"ကား​ပေါ်ကအရင်​ဆင်းမသွားနဲ့ ! ငါမင်းကိုသတိ​ပေးလိုက်​မယ်​ ၊ မင်း ​ကျောက်​မင်​ရှီကို​တွေ့ရင်​_"
ကျောက်​မိုက သူမကိုရှာဖို့အမြန်​ဆင်းသွားတာ မြင်​​တော့ ​ကျောက်​ကျန့်​ဟွိုက်​ မျက်​​မှောင်​ကြုတ်​သွားပြီး ကားပါကင်​​နေရာကျဉ်းကျဉ်းမှာ ကားကိုအမြန်​ရပ်​လိုက်​သည်​။

ကျောက်​မိုက ​ကျောက်​မင်​ရှီကို စာကြည့်​တိုက်​တွင်​အရင်​ဆုံး​တွေ့ရှိသူဖြစ်​သည်​။

သူသည် ​နာမည်​ကြီးကြယ်​ပွင့်​တစ်​​ယောက်​ မဟုတ်​​ပေမဲ့လည်း သူ့တွင်​​ကျော်​ကြားမှုနည်းနည်း​တော့ ရှိ​သေးသည်​။သူက ​ဘေ့စ်​​ဘော့ဦးထုပ်​ကို​ဆောင်းထားပြီး ၊ ဦးထုပ်​အစွန်းကိုနှိမ့်​ချကာ လျှို့ ဝှက်​ဆန်းကြယ်​ချင်​​ယောင်​​ဆောင်​ပြီး သူမဆီအမြန်​​လျှောက်​သွားခဲ့သည်​။သူသည်​နှုတ်​ခမ်းများ​ကွေးညွတ်​ကာ မင်​ရှီ၏ညာဘက်​ပခုံးကို ကြမ်းကြမ်းတမ်းတမ်းပုတ်​လိုက်​သည်​။

မင်​ရှီသည်​ ဟယ့်​ယန်​ ဒါမှမဟုတ်​ ဖူယန်​ရှီ ဖြစ်​မည်​လို့​တွေးပြီး သူမညာဘက်​ကိုလှည့်​ကြည့်​လိုက်​သည်​။

သို့​သော်​ ​ကျောက်​မို၏အသံက သူမ၏ဘယ်​ဘက်​တွင်​ပေါ်လာခဲ့သည်​ "ပဲပင်​​ပေါက်​​လေး ၊ မင်းစာ​လေ့လာချင်​​ အ​ယောင်​​ဆောင်​​နေပြန်​ပြီလား ? မင်းဘာ​မေးခွန်း​တွေ​ဖြေ​နေလဲ ကြည့်​ရ​အောင်​။"

သူစကားမဆုံးခင်​မှာပင်​ မင်​ရှီ၏စားပွဲ​ပေါ်က ပြိုင်​ပွဲ​မေးခွန်း​တွေကို ဆွဲယူလိုက်​သည်​။သူ​လှောင်​ရယ်​ပြီး လုပ်​​နေကျအတိုင်း သူမကိုသ​ရော်​လိုက်​သည်​ "အိုး ၊ မင်းက​ပြိုင်​ပွဲ​မေးခွန်း​တွေကို လုပ်​​နေတာပဲ။မင်းလက်​​လျှော့ဖို့ ငါအကြံ​ပေးလိုက်​မယ်​။မင်း ဘယ်​​လောက်​ပဲ ကြိုးစား​နေပါ​စေ မင်းရဲ့IQကဒီမှာရပ်​တန့်​​နေတုန်းပဲ​လေ။"

I Just Want To Freeload on Your Luck(MM translation)Where stories live. Discover now