Part 30(1)

642 109 1
                                    

[Zawgyi]



"..."

ဖူယန်ရှီရဲ့ ဒီလိုချွဲပစ်ပစ်အင်္ဂလိပ်စကား ရုတ်တရက်အသုံးပြုလိုက်မှုက မင်ရှီကို အတွေးထဲက ချက်ချင်းဆွဲထုတ်လိုက်သည်။

ဟယ့်ယန်မနေနိုင်ဘဲ မျက်လုံးလှန်လိုက်သည်။သူမက ခယ့်ချန်းဝမ်ကို"နင်တို့ နိုင်ငံတကာအတန်းကလူတွေအားလုံးက သူ့လိုပဲလား?"

ခယ့်ချန်းဝမ်က ဖူယန်ရှီ သူ့ကိုဒေါသထွက်ဖို့အချိန်မရတာကို အခွင့်ကောင်းယူပြီး သူ့ပါးစပ်ကိုဖုံးကာ ဟယ့်ယန်ကိုတိုးတိုးလေးပြောလိုက်သည် "ရိုးရိုးသားသားပြောရရင် ငါကပုံမှန်အဖြစ်ဆုံးလူပဲ ၊ ပြီးတော့ အတန်းထဲမှာ ငါကအချောဆုံးလူလေ။"

ဟယ့်ယန် : "...."

ထားလိုက်ပါတော့ ၊ သူမ ဘာမျှော်လင့်ချက်မှမထားသင့်ဘူး။

သူတို့ထဲကတစ်ယောက်မှ ပုံမှန်မဟုတ်ဘူး။

မင်ရှီ အိပ်မက်မက်နေသလို အခြေအနေကနေ ပြန်ရောက်လာခဲ့သည်။သူမ ကားထဲက ထွက်ပြီး မနေနိုင်ဘဲ အသက်ရှုအောင့်ထားမိသည်။

သူမရှေ့က ရင်းနှီးပေမဲ့လည်း အနည်းငယ်မရင်းမနှီးဖြစ်နေသည့် အရာအားလုံးကို သူမကြည့်နေခဲ့သည်။သူမ၏adrenalဟော်မုန်းတွေ အလွန်လျင်မြန်စွာထုတ်ပေးနေပြီး သူမ၏နှလုံးက ကျယ်လောင်စွာ ခုန်ပေါက်နေသည်။

သူမ အားလုံးကိုကြည့်ပြီး ‌မမေးဘဲမနေနိုင်ခဲ့ပေ "ငါတို့ဒီကို ဘယ်လိုရောက်လာတာလဲ?"

ခယ့်ချန်းဝမ်က "မင်းရဲ့မြို့လေးမှာက လေယာဉ်ကွင်း မရှိဘူးလေ ဒါကြောင့် လေယာဉ်ကို မြို့လယ်ဆီအရင်မောင်းပြီး နောက်တော့ အစ်ကိုရှီက ကားနှစ်စီးငှားလိုက်တယ်။ငါတို့ဒီကိုမရောက်ခင် ရွှံ့လမ်းပေါ်မှာ လေးနာရီကြာအောင် မောင်းခဲ့ရတယ်။"

မင်ရှီ ဖူယန်ရှီကို ကြည့်လိုက်သည်။

ဒီအချိန်မှာ သူမ ဘယ်လိုခံစားရလဲ ဖော်ပြဖို့ သူမအတွက်ခက်ခဲသည်။အအေးဆုံးအချိန်မှာ တစ်စုံတစ်ယောက်က သူမအတွက် မီးသွေးယူလာကာ မီးပုံပုံပေးပြီး အဝတ်ခြုံပေးကာ အရာအားလုံးအဆင်ပြေသွားမှာပါလို့ ပြောနေသလိုပင်။

I Just Want To Freeload on Your Luck(MM translation)Where stories live. Discover now