Part 24(2)

1.1K 221 9
                                    

[Zawgyi]

သူတို့အမှိုက်​​တွေပစ်​ပြီး အမှိုက်​ပုံးအလွတ်​နဲ့စာသင်​ခန်းထဲပြန်​လာ​တော့ ဖူယန်​ရှီက စာသင်​​ဆောင်​ထဲကထွက်​လာတဲ့ ဌာနမှူးဆီအဖမ်းခံလိုက်​ရတယ်​။

ဤနံနက်​အလံတင်​အခမ်းအနားမှာ သူလုပ်​ခဲ့တာအတွက်​ ဌာနမှူးက သူနှင့်​စကား​ပြောချင်​​နေခဲ့တယ်​။

ဖူယန်​ရှီက မတတ်​နိုင်​ဘဲ မျက်​နှာ​သေနဲ့ အမှိုက်​ပုံးအလွတ်​ကိုမင်​ရှီဆီ​ပေးလိုက်​ပြီး သူမကိုအရင်​သွားခိုင်းလိုက်​ရတယ်​။

ဖူယန်​ရှီ အနားမှာမရှိ​တော့ မင်​ရှီ ​ပျော်​ရွှင်​သွားတယ်​။သူမအမှိုက်​ပုံးကိုသယ်ကာ ​အ​ပေါ်ထပ်​ကို​နှေး​ကွေးစွာ​လျှောက်​သွားပြီး သူမရဲ့ပန်းအိုးထဲကအပင်​​လေး​တွေကို ​ရေတွက်လိုက်​တယ်​။၎င်းကဖူယန်​ရှီအမှိုက်​ပစ်​တာကို သူမ ပထမဆုံးအကြိမ်​ကူညီတာဆို​တော့ အညွန့်​​လေးသုံးပင်​​ပေါက်​လာခဲ့တယ်​။

ယခုအချိန်​ထိ အပင်​​လေး၇၉ပင်​ရှိတယ်​။

မင်​ရှီ ​နောက်​တစ်​ကြိမ်​တက်​ကြွသွားပြီး သူမတစ်​ကိုယ်​လုံးလန်းဆန်းသွားပုံ​ပေါ်လာတယ်​။နိုင်​ငံတကာအတန်းကိုပြန်​တဲ့လမ်းတစ်​​လျှောက်​လုံး သူမပြုံးရွှင်​​နေခဲ့တယ်​။

နောက်​ဆုံး သူမအ​ပေါ်ထပ်​ကိုတက်​သွားပြီး အတန်းထဲမဝင်​ခင်​ ​​ခေါင်း​မော့လိုက်​​တော့ ရှန်​လီ​ယောင်​က ​ကျောင်းကိုယ်​စားပြုအဖွဲ့ထဲက တခြားအဖွဲ့ဝင်​ငါး​ယောက်​နဲ့ အတူဆင်းလာတာကို ​တွေ့လိုက်​ရတယ်​။

ရွှေတံဆိပ်​အတန်းက​ကျောင်းသား​တွေသည်​ စာသင်​​ဆောင်​ရဲ့ဘယ်​ဘက်​ခြမ်းမှ​လှေကားကို ပုံမှန်​အသုံး​ပြု​လေ့ရှိ​ပေမဲ့ ယ​နေ့မှာ​တော့ အ​ကြောင်းအရင်းတချို့​ကြောင့်​ ညာဘက်​​လှေကားက​နေဆင်းလာကြတယ်​။

လူတစ်​စုက ​ကျောက်​မင်​ရှီကိုမြင်​​တော့ အ​နေခက်​သွားကြပြီး အလိုလို ရှန်​လီ​ယောင်​ဆီကြည့်​လိုက်​ကြတယ်​။

ကျောက်​မင်​ရှီရဲ့မျက်​နှာ​ပေါ်ကအပြုံးကို ရှန်​လီ​ယောင်​မြင်​​တော့ မြင်​ကွင်းက သူ့မျက်​လုံးကိုထိုးဆွ​နေသလို သူခံစားလိုက်​ရတယ်​။မ​နေနိုင်​ဘဲ သူ့အိတ်​ကပ်​ထဲက လက်​​ချောင်း​တွေတင်းကျပ်​သွားခဲ့တယ်​။

I Just Want To Freeload on Your Luck(MM translation)Donde viven las historias. Descúbrelo ahora