ု[Zawgyi]
ကျောက်မိသားစုက မင်ရှီကိုအသိအမှတ်ပြုခဲ့တယ် ဒါပေမယ့်သူတို့ကနေရာတိုင်းမှာ သမီးအတုကို ပိုအလေးပေးဆက်ဆံကြတယ်။မင်ရှီကကျောက်ယွမ်လို မလိမ္မာသလို သိမ်မွေ့မှုလည်းမရှိဘူးလို့ သူတို့ကသတ်မှတ်ထားကြတယ်။
မင်ရှီက ကျောက်ယွမ်နှင့်ပြိုင်ဆိုင်ပြီး သူမပိုင်ဆိုင်မှုတွေကိုလုယူဖို့ ကြိုးစားနေတယ်လို့ သူတို့ပြောကြရင်တောင် မင်ရှီကဂရုမစိုက်ပဲ သူမမိသားစုဝင်တွေ နှစ်သက်လာအောင်ပဲ အမြဲကြိုစားခဲ့တယ်။ ဒါက အပြင်းဖျားရောဂါကြောင့် သူမသေဆုံးတဲ့ထိပဲ။
ကျောက်ယွမ်က ကံကြမ္မာ၏သမီးပျိုလေး ဖြစ်ပြီး သူမကတော့ စာအုပ်ထဲက မကောင်းမှုတွေကျူးလွန်ပြီး ဝမ်းနည်းစရာကောင်းစွာ အဆုံးသတ်သွားရတဲ့ ဇာတ်ပို့ဇာတ်ကောင်လေးသာ ဖြစ်ကြောင်း နောက်ဆုံးမှာသိရှိသွားခဲ့တယ်။
တစ်ဖန်ပြန်လည်ရှင်သန်ခွင့်ရတဲ့ ကျောက်မင်ရှီက သူမနှလုံးသားထဲကအေးစက်မှုတွေကို ဖယ်ထုတ်ပြီးဒီမိသားစုမဟုတ်တဲ့ မိသားစုနဲ့ သူမရဲ့ စေ့စပ်ထားသူတို့ကိုပါ ဘယ်လိုအကြောင်းကြောင့်ဖြစ်ဖြစ် ဂရုမစိုက်တော့ဖို့ ဆုံးဖြတ်လိုက်ပြီး သူမအိတ်တွေကိုချက်ချင်း ထုပ်ပိုးကာ systemကပေးအပ်တဲ့"နာမည်ကြီးပြီး လူကြိုက်များသည့် ဇာတ်ကောင်များနှင့်သူငယ်ချင်းဖြစ်လာရန်" တာဝန်ကိုပြီးမြောက်အောင်လုပ်ဆောင်ဖို့ အိမ်ကထွက်လာခဲ့တယ်။
သူမထွက်သွားပြီးနောက် တစ်အိမ်လုံးလဲ ရုတ်တရက် တိတ်ဆိတ် ခြောက်ကပ်သွားတယ်။
ပုံမှန်ဆို ဒါကသူတို့အတွက် သက်သောင့်သက်သာဖြစ်သင့်ပေမယ့်---
သူမရဲ့မိဘတွေ၊လစ်လျှူရှုတက်တဲ့အစ်ကိုအကြီးဆုံး၊စိတ်တိုလွယ်တဲ့မောင်အငယ်ဆုံး၊သူမရဲ့လိုက်လံပိုးပန်းမှုတွေကို နေသားကျနေတဲ့ ရှန်လီယောင်၊ တစ်ယောက်ပြီးတယောက် ဘာလို့ နေသားမကျသလို ခံစားနေရတာလဲ?
=========
YOU ARE READING
I Just Want To Freeload on Your Luck(MM translation)
RomanceAuthor:Ming Gui Zai Jiu Genre:Romance,Comedy,School life Status:70Chapters(complete) Not BL this is BG TSD:13.1.2022 ကျောက်မိသားစုက မင်ရှီကိုအသိအမှတ်ပြုခဲ့တယ် ဒါပေမယ့်သူတို့ကနေရာတိုင်းမှာ သမီးအတုကို ပိုအလေးပေးဆက်ဆံကြတယ်။မင်ရှီကကျော...